Epi 4

132 11 0
                                    


For Zawgyi ,

Why known Why known Why known me 🎶🎶🎶🎶 ......

" ဟယ်လို ... ဘယ်သူလဲ ? " သူ အိပ်ရေးမဝသေး သည့်အချိန်မှာ မြည်လာတဲ့ဖုန်းသံကြောင့်
လင်းသူရိယ စိတ်မကြည်ဖြစ်သွားမိသည် ။

" ကိုယ်ပါကွာ ... Baby မထသေးဘူးလား ??
နောက်ကျနေပြီ ထတော့လေ ။ " အိပ်ချင်မူးတူးဖြစ်
နေတဲ့ကောင်လေးအသံကြောင့် သူ့စိတ်ထဲ ရယ်ချင်
မိသွားသည် ။

" ဘယ်ကကိုယ်တွေခေါင်းတွေ လာပြောနေတာလဲ ? ကိုယ်လဲမသိဘူး ခေါင်းလည်းမသိဘူး ဒါပဲ ... "
တကယ်ပဲ အိပ်ရေးမဝသေးပါဘူးဆိုမှ ဘယ်လိုလူ
တွေလည်း မသိဘူး ။ စိတ်ရှုပ်လိုက်တာ တကယ်ပဲ ။
ဖုန်းချကာ လင်းသူရိယ ပြန်အိပ်ဖို့ ပြင်လိုက်သည် ။

ဟာ ... ဖုန်းချသွားပြီလား ?? တကယ်ပဲ စိတ်မရှည်
တတ်လိုက်တာ Babyရယ် ။ စကားတောင် ဆုံး
အောင်မပြောလိုက်ရဘူး ဖုန်းချသွားတယ် ။
စိတ်မရှည်တတ်တဲ့ ကောင်လေးကို သူ နောက်တစ်
ကြိမ်ဖုန်းခေါ်လိုက်ရသည် ။

Why know Why known 🎶🎶....

ဟာကွာ တကယ်ပဲ အိပ်ချင်သေးပါတယ်ဆိုမှ ဒီဖုန်း
ကမြည်လာပြန်ပြီ ။

" ခင်ဗျား ဘယ်သူလဲ !! ဘာဖြစ်လို့ ကျွန်တော့ကို
လာပြီး နှောင့်ယှက်နေရတာလဲ ?? " သူ့အိပ်ချိန်
ကိုလာနှောင့်ယှက်တဲ့သူမို့ လင်းသူရိယ စိတ်ရှုပ်ကာ
အော်လိုက်မိသည် ။

" ကိုယ်က နှောင့်ယှက်တာမဟုတ်ရပါဘူးကွာ .. Baby ကလည်း ကိုယ့်ကိုတောင် မမှတ်မိတော့ဘူး
လား ကိုယ်ကမင်းလေးရဲ့ချစ်သူအသစ်စက်စက်လေး
မင်းစစ်လွန်းနိုင်လေ ။ "

" အော် ... ကိုလွန်းလား ?? ဆောရီးနော် ကျွန်တော်မသိလို့ ဒါနဲ့ ကိုလွန်းက ဒီအချိန်ကြီး
ဘာကိစ္စရှိလို့လဲ ။ " မိုးတောင်မလင်းသေးဘူး
သူက ဒီအချိန်ကြီး ဘာကိစ္စရှိလို့ ငါ့ဆီဖုန်းဆက်ရ
တာလဲ ။ ဘာကို ချစ်သူအသစ်စက်စက်လဲ ဒီအတိုင်း
ဂိမ်းတစ်ခုသာသာပဲကို စကားထဲထည့်ပြောနေသေး
်တယ် ။ တော်တော်ပြောလို့ ကောင်းနေလား
မသိဘူး ။

" ဘာကိစ္စမှ မရှိပါဘူးကွာ .. ကိုယ့်ချစ်သူလေးရဲ့
အသံလေးကို ကြားချင်လို့လေ ။ မနက်ခင်းအိပ်ရာနိုး
တာနဲ့ ကိုယ့်ချစ်သူလေး အသံကို ကြားချင်မိလို့ပါ ။
မောနင်း ... ကိုယ့်ချစ်သူလေး သာယာပျော်ရွှင်တဲ့
နေ့တစ်နေ့ ဖြစ်ပါစေနော် ။ " သူကြားချင်တဲ့သူရဲ့
အသံကိုလည်း ကြားလိုက်ရပြီး သူ ပြောချင်တာကို
ပြောလိုက်ရသောကြောင့် စိတ်ချမ်းသာစွာနဲ့ ဖုန်းချ
လိုက်သည် ။

Love GameWhere stories live. Discover now