Epi 6

112 12 0
                                    

For Zawgyi ,

ဒီအချိန်လောက်ဆို babyလေးအိမ်ပြန်ရောက်
နေလောက်ပြီထင်တယ် ။ ဘာပဲဖြစ်ဖြစ် ဖုန်းဆက်
ကြည့်လိုက်မယ်လေ ။
တူ ... ဖုန်းဝင်တဲ့အသံနဲ့အတူ တစ်ဖက်က လင်းသူရိယရဲ့ သာယာတဲ့အသံလေးကို ကြားလိုက်ရသည် ။

" ဟဲလို ... ကိုလွန်း ဖုန်းဆက်တာဘာကိစ္စရှိလို့လဲ ၊
အရေးတကြီး ပြောစရာများရှိလို့လား ... "

" အရေးတကြီးပြောစရာ မရှိပါဘူး .. baby ...
အိမ်ပြန်ရောက်ပြီလား သိချင်လို့ ၊ ပြီးတော့ မနက်ဖြန်
baby အားရင် ရုပ်ရှင်သွားကြည့်ရအောင်လို့ ပြော
မလို့ပါ ... "

" ကျွန်တော် အိမ်ရောက်နေပါပြီ ကိုလွန်း ... ပြီးတော့ မနက်ဖြန်က ကျွန်တော် အားပါတယ် ၊ ဒါနဲ့ ရုပ်ရှင်သွားကြည့်မှာက ဘယ်သူတွေပါသေးလဲ ... "

" ဘယ်သူမှမပါဘူး .. ကိုယ်တို့နှစ်ယောက်တည်းပဲ
သွားချင်လို့ ၊ ဘယ်သူ့မှ ကိုယ် မခေါ်ထားဘူး ... "

" အော် ... ဟုတ်ကဲ့ ၊ ဒါပဲမလား ... ကိုလွန်း ဒါဆို ကျွန်တော် ဖုန်းချလိုက်တော့မယ်နော် ... "

" OK OK ဒါပဲ ... "
ရင်ဘတ်ထဲကပေါက်ထွက်မတတ် ခုန်နေတဲ့ သူရဲ့
နှလုံးသားလေးကို မင်းစစ်လွန်းနိုင်လက်ဖြင့် အသာ
အယာဖိကာ တိုးတိုးလေးရေရွက်လိုက်မိသည် ။
ကြာရင် ကိုယ်တော့နှလုံးရောဂါရတော့မယ် ကလေးရယ် .....

ထို့နောက် မင်းစစ်လွန်းနိုင် အိပ်ယာထဲလှဲကာ ခိုးsave ထားတဲ့လင်းသူရိယပုံလေးကို ကြည့်ကာ တယောက်တည်းစကားတွေ ပြောနေမိသည် ။
baby မင်းသိရဲ့လား ... မင်းရဲ့စကားသံလေးတွေ ၊ မင်းရဲ့အပြုံးလေးတွေ နှင့်မင်းရဲ့အကြည့်တချက်နဲ့
ကို ကိုယ့်ရဲ့ ရင်ခုန်သံတွေ မြန်မြန်လာတယ်ဆိုတာ

ကိုယ်လေ မင်းကိုအရမ်းချစ်တယ် သိလား ....
ကိုယ်ရဲ့အသက်တွေထက်တောင် မင်းကိုတန်ဖိုး
ထားမြတ်နိုးပြီး ချစ်ပါသေးတယ် ကလေးရယ် ...
ကိုယ်ရဲ့ပျော်ရွှင်မှုက မင်းလေးပါ ...
ကိုယ်ရဲ့ ဘဝကလည်း မင်းလေးပါပဲ ကလေးရယ် ...
ဒီစကားတွေကို ဟိုကတည်းက မင်းသိအောင်ဖွင့်
ပြောချင်ခဲ့တာ ... ဒါပေမယ့် ကိုယ်မပြောရဲခဲ့ဘူး ..
ဘာလို့ဆို မင်းလေးမုန်းသွားမှာ ကိုယ်သိပ်ကြောက်
မိလို့ပါကွာ ...
ကိုယ်လေ မင်းကို့ဆီ Love Game ကစားရ
အောင်ဆိုပြီးmessenger မှာလာပြောတော့ သေလောက်အောင်ပျော်ခဲ့မိတာ ...
ပျော်လွန်းလို့ စာတောင်မပြန်နိုင်အောင် ဖြစ်ခဲ့ရတယ်
အဲဒီကတည်းက ကိုယ်ဆုံးဖြတ်ချက်ချလိုက်တယ်
ဒီ ၁လမပြည့်ခင်မှာ မင်းကိုယ့်ကို ချစ်လာအောင်လုပ်
မယ်လို့လေ ....
ဒါပေမယ့် အချိန်တွေသာ တဖြည်းဖြည်းကုန်
လာတယ် .. မင်းလေးက ကိုယ့်ကိုခုထိ စိတ်ဝင်စားပုံ
မပြခဲ့ဘူးနော် ....
ဟူး ...... ကိုယ့်ကို မင်းတကယ်ပဲ မချစ်ဘူးလားကွာ
Game နိုင်တာရှုံးတာထက် မင်းကိုယ့်ကို ချစ်လာ
ဖို့က ကိုယ့်အတွက် ပိုအရေးကြီးပါတယ် baby လေးရယ် ...

Love GameWhere stories live. Discover now