Epi 17

94 7 0
                                    

For Zawgyi ,

အခန်းထဲရောက်ကတည်းကအိပ်နေတာ  တော်ကြာ ဒီကောင်လေး ခေါင်းကိုက်
နေတော့မှာပဲ
နောက်လည်းကျနေပြီဆိုတော့ နှိုးလိုက်ဦးမှပါ.....

“ ဘေဘီလေးရေ ကလေးလေးရေ
  ထပါတော့ အများကြီးအိပ်ရင်
  ခေါင်းကိုက်နေလိမ့်မယ် ...”

သူ အသာအယာနှိုးလိုက်တော့ ကုတင်
ပေါ်မှာ ကလေးလေးလိုအိပ်နေတဲ့
ကောင်လေးက လှုးလွန့်လာကာ
အိပ်ချင်မူးတူးနဲ့

“ အိပ်ချင်သေးတယ်ဗျာ... ကျွန်တော်
  အိပ်ရေးမဝသေးဘူး ... ”

“ ကဲပါ ကလေးအိပ်ချင်လဲ တခုခု
  စားပြီးမှပဲအိပ်
  ခုတော့... ထတော့နော်... ”

“ ပြီးရောဗျာ ထပြီ ထပြီ
  တကယ်ပဲ မိန်းမကြီးကျနေတာပဲ
  ပွစိပွစိနဲ့ ”

သူ့ကို နှုတ်ခမ်းကြီးစူကာ စိတ်​ကောက် ပြီး အိပ်ယာပေါ်က ခေါင်းစုပ်ဖွားနဲ့
ထလာတဲ့ကောင်လေးကို ကြည့်ကာ
သူ အသဲယားလာမိသည်

နှုတ်ခမ်းကြီးစူပြီး စိတ်ကောက်နေပုံက
လူကို မြူစွယ်နေသလား မှတ်ရတယ်
တကယ်ပဲ... ဒီကောင်လေးကိုငါဆွဲနမ်း မိတော့မယ်
ဟူး... ဘာရုပ်လေးမှန်းမသိဘူး
ချစ်စရာကောင်းလိုက်တာကွာ.....

“ လန်းသွားအောင် ရေချိုးလိုက်နော်
  ဘေဘီ
  မဟုတ်ရင် ခေါင်းကိုက်နေလိမ့်မယ်
  ရေချိုးပြီးမှ တခုခုသွားစားကြတာ
  ပေါ့ ”

အိပ်စုံမွှားနဲ့ ကုတင်ပေါ်ထိုင်နေတဲ့
ကောင်လေးကို ကြည့်ပြီး သူ မနေနိုင်
ပဲ မှာတမ်းချွလေိုက်မိပြန်သည် ။

သူ မှာတမ်းချွလွေန်းလို့ အိပ်ပုတ်လေး
က နှုတ်ခမ်းကြီးစူကာ

“ တကယ်ပဲဗျာ... ပွစိပွစိတော်တော်
  စကားများတယ် မိန်းမကြီးကျနေ
  တာပဲ
  ခုရေချိုးလိုက်မယ် ရပြီမလား
  ပွစိပွစိနဲ့ မပြောပါနဲ့ တကယ်ပဲ
  နားညီးလာပြီ ဟွန့်.. ” စိတ် ကောက်ကာ မျက်စောင်းထိုးပြီး ရေချိုးခန်းထဲဝင်သွားလေသည် ။

မျက်စောင်းထိုးကာ ရေချိုးဖို့ဝင်သွား
တဲ့ကောင်လေးကို ကြည့်ပြီး သူ ပြုံး
လိုက်မိသည် ။

Love GameWhere stories live. Discover now