Epi 11

112 9 0
                                    

For Zawgyi ,

  သူ့ကလေးနေမကောင်းဘူးထင်တယ်လို့ ကြား
လိုက်ရစဉ်မှာပဲ ရင်ထဲမှာပူလောင်ခြင်းတွေဖြစ်ပေါ်
လာတာကြောင့် သံစဉ်ပွင့်ဖြူတို့ကို အမြန်နှုတ်ဆက်
ကာ ကျောင်းမတက်ဘဲ
အမြန်လှည့်ထွက်လာခဲ့သည် ။
     သူ့အတွက်တော့ သူ့ကလေးကသာ အရေးကြီး
ဆုံး ဖြစ်သည် ။ ဒါကြောင့် နေမကောင်းဘူးလို့ကြား
လိုက်ရတော့ ဆောက်တည်ရာမရဖြစ်ကာ ကားကို
အမြန်ဆုံးနှုန်းနဲ့  သူ့ကလေးအိမ်သို့ မောင်းနှင်လာခဲ့
သည် ။

     ဒါပေမယ့် သူ့ကလေးအိမ်ရောက်တော့ ခြံတံခါး
ကြီးက ပိတ်ထားလျက်နဲ့ ကြိုဆိုလိုက်လေသည် ။

သူ ကားကိုခြံဘေးနားမှာ ထိုးရပ်လိုက်ကာ ကားပေါ်
မှဆင်းကာ ခြံရှေ့မှာမတ်တပ်ရပ်ပြီး အိမ်ထဲကို လှမ်း
မျှော်ကြည့်လိုက်သည် ။ အိမ်တံခါးကြီးက ပွင့်ကာ လူ
တယောက်မှရှိပုံမရဘဲ တိတ်ဆိတ်နေသောကြောင့်
သူ့ကလေးက ရှိမှရှိပါ့မလားလို့ သူတွေးလိုက်မိသည် ။
    *** ကလေးလေးက အိမ်မှာရှိပါ့မလား တနေရာ
ရာများ သွားနေတာလား  အင်း....ဖုန်းဆက်ကြည့်
လိုက်ပါ့မယ်လေ ***

  တူ.......... ဖုန်းဝင်သံကို ကြားလိုက်ရသော်လည်း
ခဏကြာတဲ့အထိ ဖုန်းကကိုင်မယ့်သူမရှိပဲ ကျသွား
ပြန်သည် ။ တကြိမ်နဲ့မရရင် နှစ်ကြိမ် ၊ နှစ်ကြိမ်နဲ့မရ
ရင် သုံးကြိမ် သူ အဆက်မပြတ် ခဏခဏခေါ်နေပြီး လေးကြိမ်မြောက်ရောက်ကာမှ နွမ်းနွယ်စွာနဲ့ ဟဲလို
ထူးသံလေး ကြားလိုက်ရသည် ။

ကလေး ခုဘယ်မှာလဲ ...
အိမ်မှာ ...
ဘာလုပ်နေတာလဲ ...
နေမကောင်းလို့အိပ်နေတယ် ပြောပြီးဖုန်းကျ
သွားလေသည် ။

သူ့ကလေးအိမ်ထဲမှာ ရှိတယ်ဆိုတာသိလိုက်ရ၍ သူ
ခြံတံခါးကို ကျော်တက်ကာ အိမ်ခြံထဲဝင်လာခဲ့သည် ။
အိမ်တံခါးကလည်း မပိတ်ထားတော့ အေးအေးဆေး
ဆေးပဲ အိမ်ထဲဝင်လာကာ ဘယ်သူမှမရှိတဲ့အိမ်ကို
ကြည့်ပြီး

   ကလေးကတော့လေ အိမ်တံခါးကိုလည်း သော့မ
ခတ်ထားဘူး    တော်ကြာ လူဆိုးသူခိုးတွေ ဝင်လာ
ရင်ဘယ်လိုလုပ်မလဲ     အိမ်မှာလဲဘယ်သူမှရှိတာ မဟုတ်ဘူး တခုခုဖြစ်ရင် ကိုယ်တော့ရင်ကျိုးရမှာ ....

Love GameWhere stories live. Discover now