Epi 20

89 9 1
                                    

For Zawgyi ,

ကိုလွန်းကို သူ လမ်းခွဲစကားပြောပြီး
နောက် ဝမ်းမနည်းမိအောင် အားတင်းကာ အိမ်ကိုပြန်လာခဲ့လိုက်သည် ။

အိမ်ကိုရောက်တာနဲ့ အပေါ်ထပ်သို့ပြေး
တက်ကာ အခန်းတံခါးကို လော့ချပြီး ရေချိုးခန်းထဲပြေးဝင်၍ ထိန်းချုပ်
ထားတဲ့ သူ့ရဲ့မျက်ရည်တွေကို ဖွင့်ထုတ်လိုက်မိသည် ။

အိမ်ရောက်ရောက်ချင်း အပေါ်ထပ်ကို
ပြေးတက်သွားတဲ့ သားဖြစ်သူကို ကြည့်
ပြီး ဒေါ်ခင်လင်းခိုင် စိတ်ပူသွားရသည် ။

သား ဘာများဖြစ်လာလဲ မသိဘူး....
စာမေးပွဲများ မဖြေနိုင်ခဲ့လို့လား ....
ဘာဖြစ်လဲ သွားမေးကြည့်ဦးမှပါလေ ...

ဒေါက် ဒေါက် ....
" သားရေ လင်းလင်း ဘာဖြစ်လာတာ
လဲ စာမေးပွဲမဖြေနိုင်လို့လား...
နေမကောင်းလို့လား .....
ဘာဖြစ်လာတာလဲ အမေ့ကို ပြော
လေ "
" သား ဘာမှမဖြစ်ပါဘူး မေမေ
ဒီအတိုင်း စာမေးပွဲဖြေပြီးပြီးချင်းမို့
နားချင်လို့ပါ ....
သား ပင်ပန်းလို့အိပ်တော့မယ်နော် "
" အော် ... အေးအေး .. "

သူ့ရဲ့အမေအောက်ထပ်သို့ဆင်းသွားတာ သေချာမှ ရေပန်းကို ဖွင့်ကာ အားရပါးရ ငိုပစ်လိုက်သည် ။

တကယ်တော့ သူလဲ ကိုလွန်းကို ချစ်ပါ
တယ် .....
ဒါပေမယ့် ....သူ ကြောက်မိတယ် ....
တခါမှမချစ်ဖူးတဲ့သူမို့ အချစ်ကို ကြောက်လဲကြောက်မိတယ် ......
ပြီးတော့ boy to boy တွေဆိုရင် အပစ်ပြောချင်ကြတဲ့ ပတ်ဝန်းကျင်ကို သူ ကြောက်တယ် ....
gay လို့ပြောပြီး နှိမ်ကြမှာ အတူမတန်
သလိုဆက်ဆံကြမှာကို သူ ကြောက်
တယ် .....
ပတ်ဝန်းကျင်ကိုလည်း သူ ရင်မဆိုင်
ရဲဘူး ..... သတ္တိလဲ မရှိဘူး .....
သူရဲဘောကြောင်တယ်ပဲ ပြောကြပါစေ
သူ ကိုလွန်းကို မချစ်ရဲဘူး ....
အချစ်တခုထဲအတွက်နဲ့ ဒါတွေကို သူ ရင်မဆိုင်ရဲဘူး .....
ဒါကြောင့်
ကိုလွန်းကို ဒီထက်ပိုမချစ်မိခင် ကိုလွန်း
အနားက သူရဲဘောကြောင်စွာနဲ့ထွက်
ပြေးဖို့ကိုပဲ သူ ရွေးချယ်ခဲ့တာ...
ကြာလာရင် ကိုလွန်းကို သူ မေ့နိုင်သွား
မှာပါ ....
အခုတော့ ခံစားနေရပေမယ့် နောက်
အချိန်ကြာလာရင် သူ ခံစားရသက်သာ
ပြီး အဆင်ပြေသွားမှာပါ .....
အခု ခံစားရတာတွေကို မျက်ရည်တွေ
အဖြစ် စွန့်ထုတ်ပြီးရင် သူ နေသာသွား
မှာပါ .....
ကိုလွန်းကိုလဲ သူ ကြာလာရင် မေ့နိုင် သွားမှာပါ .....
အချိန်တွေကြာရင် အရာရာအဆင်ပြေ
သွားမှာပါ ....
ဟုတ်တယ် လင်းလင်း မင်းအခု အားရ
အောင် ငိုလိုက် ပြီးရင် မေ့လိုက်တော့
ဘယ်တော့မှ မဆုံဖူးတဲ့ သူစိမ်းတွေလို
ပဲ သတ်မှတ်လိုက်တော့ .....

Love GameWhere stories live. Discover now