Epi 9

103 8 0
                                    

For Zawgyi ,

သွေးသားမတော်စပ်တဲ့ လူတယောက်ကို ကျွန်တော် လွမ်းမိလာလိမ့်မယ်လို့ ဘယ်တုန်းကမှ
မထင်ခဲ့မိဘူး ။ ပြီးတော့ အဲဒီလူက ကျွန်တော်မုန်းနေ
တဲ့ လူတယောက်ဖြစ်နေလိမ့်မယ်လို့ ပိုပြီးမထင်ခဲ့မိ
ဘူး ။
အမြဲတမ်းအတူသွားအတူလာလုပ်ပြီး အမြဲမြင်နေရ
တာမို့ အခုလိုမတွေ့ရတာကြာတော့လဲ သတိရလာမိ
တယ် ။ အခုဆို သူ့ကို မတွေ့ရတာလဲ တပတ် ရှိနေ
ပြီဖြစ်သည် ။

ကိုလွန်း ခင်ဗျားကို ကျွန်တော် လွမ်းမိနေပြီဗျာ ... အခုဆို ခင်ဗျားကို မတွေ့ရတာလဲ ကြာနေပြီ
ကျွန်တော် ခင်ဗျားကို ချစ်မိနေပြီလား မသိဘူးဗျာ
ဟင့်အင်း ... ကျွန်တော် ခင်ဗျားကို မချစ်ဘူး
မုန်းတောင်မုန်းနေမိသေးတာ ဘယ်လိုလုပ် ချစ်မှာ
လဲ ... မဖြစ်နိုင်တာ ငါရူးနေပြီထင်တယ် ...
ဒါပေမယ့် ကျွန်တော် ခင်ဗျားကို တွေ့ချင်တယ်
ခင်ဗျားရဲ့အသံကိုလဲ ကြားချင်မိတယ်
ကျွန်တော် တကယ်ပဲ ခင်ဗျားကို ချစ်မိနေပြီလားဗျာ
ဟင့်အင်း ... ကျွန်တော် ခင်ဗျားကို မချစ်ချင်ဘူးလေ
ခင်ဗျားကို မုန်းပဲမုန်းချင်တာ ကျွန်တော့ကို မပြုစားပါ
နဲ့တော့ဗျာ ....
ကြာရင် ကျွန်တော် ရူးတော့မယ် ကိုလွန်းရယ်
သတိရတယ် .... လွမ်းတယ် .... ပြီးတော့ ချစ်မိနေ
ပြီထင်တယ် ....
ခင်ဗျားကို သတိယစိတ်နဲ့ ညညတွေဆို ကျွန်တော် အိပ်မပျော်ဘူးဗျာ ...

" လင်းလင်း တယောက်ထဲ ခေါင်းညိတ်လိုက် ခေါင်း
ခါလိုက်နဲ့ နင်ဘာတွေ တွေးနေတာလဲ ...ဒါမှမဟုတ် လင်းလင်း ... နင် ကိုစစ် အကြောင်းစဉ်းစားနေတာ
မလား ... နင် ကိုစစ်ကို မတွေ့တာကြာလို့ လွမ်းနေ
ပြီထင်တယ် "
" မဟုတ်ပါဘူးဟာ ... " လူက နှုံးချိနေသလို ဖြင့်ပြီး အသံကလဲတိုးလျော့စွာ ထွက်လာသည် ။
" နင် နေမကောင်းဘူးလား .... အသံကဘယ်လို
ဖြစ်နေတာလဲ ... မျက်နှာကလဲ နီနေတာပဲ .. မှန်းစမ်း ကိုယ်ပူနေလား ငါ စမ်းကြည့်မယ် " ပြောပြောဆိုဆိုနဲ့ နဖူးပေါ်လက်တင်ကာ စမ်းကြည့်
လိုက်မိသည် ။
" မမ စမ်းကြည့်ပါဦး သံစဉ် စမ်းကြည့်တော့ ကိုယ်ပူ
နေတယ်ထင်တယ် ... ဒါကြောင့် သေချာအောင် မမ
ခဏလောက် စမ်းကြည့်လိုက်ပါဦးနော် ... "
" အင်းပါ ... စိတ်မပူပါနဲ့ မမစမ်းကြည့်လိုက်မယ် "
စိုးရိမ်ပူပန်နေတဲ့ သံစဉ်ကို ဖျောင်းဖျကာ လင်းသူရိ
ယကို ခတ္တာ စမ်းကြည့်လိုက်မိတော့ ခန္ဓာကိုယ်က နွေးသလိုဖြစ်နေသည် ။
" ကိုယ်ကနွေးသလိုဖြစ်နေတယ် ... လင်းလေး ကြည့်ရတာ နေမကောင်းဖြစ်နေပြီထင်တယ် ။ အိမ်
ပြန်လိုက်ပါလား ... "
" ဟုတ်တယ် ... လင်းလင်း နင်အိမ်ပြန်လိုက်ပါလား
နင့်ကို ကြည့်ရတာ မျက်နှာလဲ မလန်းဘူးဖြစ်နေ
တယ် ... "
" ငါ ဘာမှမဖြစ်ပါဘူးဟာ ... နေလည်းကောင်းပါ
တယ်ဟာ ဒီအတိုင်း ပင်ပန်းနေမိလို့ပါ ... "
" ဘာကို နေကောင်းတာလဲ သွား .. အိမ်ပြန်ပြီး
နားနေတော့ ငါစိတ်မတိုချင်ဘူးနော် ... " စိတ်ပူပြီး
လေသံတွေတောင် မာနေတဲ့သူငယ်ချင်းကိုကြည့်ကာ
လင်းသူရိယ ပြုံးလိုက်မိတယ် ။
" ပြုံးမနေနဲ့ ... သွား မြန်မြန်အိမ်ပြန်တော့ ... "
" ဟုတ်တယ် ... လင်းလေး အိမ်ပြန်ဆေးသောက်
ပြီး နားနေလိုက်တော့နော် ... "
" ဟုတ်ကဲ့ပါဗျာ .. ကျွန်တော် ပြန်လိုက်တော့မယ် "
" အိမ်ရောက်ရင် ဆေးသောက်ဦးနော် လင်းလင်း "
ဆေးသောက်ဖို့ ကြောက်တဲ့ ကျွန်တော့အကြောင်းသိ
ကာ မှာနေတဲ့သူငယ်ချင်းဖြစ်သူကို ခေါင်းညိတ်ပြကာ
သူ ထွက်လာခဲ့သည် ။

Love GameWhere stories live. Discover now