Epi 13

101 10 0
                                    

For Zawgyi ,

လင်းသူရိယ ကျောင်းရောက်တော့
သူ့ထက်စောစီးစွာ ရောက်နေတဲ့ သူငယ်
ချင်းဖြစ်သူ သံစဉ် နှင့် မနွေခတ္တာရာ
တို့ကို တွေ့လိုက်ရသည် ။

" နေကောင်းသွားပြီလား လင်းလင်း "
" အင်း ကောင်းသွားပြီ ဒါနဲ့
ငါနေမကောင်းမှန်း
နင်ဘယ်လိုသိတာလဲ "
" အော် ဒါကလား မှန်းကြည့်တာလေ
နင်ကကျောင်းလဲမလာဘူး ဖုန်းဆက်
တော့လဲ မကိုင်ဘူးဆိုတော့ အဲဒါ
ကြောင့်
နေမကောင်းဘူးထင်လို့လေ "
" အော် ဟုတ်လား ...... "
" အော် ဟုတ်လားတွေဘာတွေ
လုပ်မနေနဲ့ နင့်ဆီကို ကိုစစ်ရောက်
လာခဲ့တယ်မလား
ပြီးတော့ ကြည့်ရတာ ကိုစစ်က
နင့်ကို ကိုယ်ဖိရင်ဖိနဲ့ သေချာကို
ပြုစုပေးခဲ့ပုံရတယ်
နင့်မျက်နှာလေးကလဲ သိပ်ကိုလန်း
နေတာဆိုတော့လေ .. "
" ဘာ ကိုယ်ဖိရင်ဖိစောင့်ရှောက်တာ
လဲ ပေါက်ကရတွေလျှောက်ပြော
မနေနဲ့ "

*** ကြည့်ရတာ ကိုလွန်းကတကယ်
ရောက်လာတာပဲ ငါထင်ယောင်
ထင်မှားဖြစ်တာ မဟုတ်ဘူးပဲ ***

" ပေါက်ကရတွေ လျှောက်ပြောတာ
မဟုတ်ပါဘူးဟာ နင့်မျက်နှာလေး
ကိုက လန်းဆန်းတက်ကြွနေပြီး
ပျော်ရွှင်နေတဲ့ပုံပဲလေ
ဟုတ်တယ်မလား မမ "
" ဟုတ်ပ ငါ့ကလေးလေးက ပျော်
နေလိုက်တာ မမတို့FAတွေတောင်
အားကျနေပြီ "
" ဟာ ... မနွေကလဲ ဘာတွေပြောနေ
မှန်းမသိဘူး .... "

သံစဉ်ပွင့်ဖြူနဲ့မနွေခတ္တာရာတို့၏
စနောက်စကားတွေကြောင့် သူ့မှာမျက်နှာပူလာကာ
ရှက်လွန်းသောကြောင့်မျက်နှာတခုလုံးလဲ နီရဲလာတော့သည် ။
သူ့စိတ်ထဲတွင်လည်း အချစ်နဲ့အမုန်း
လွန်ဆွဲကာ မိမိစိတ်ကို မိမိခုထိ မဆန်း
စစ်နိုင်ဘူး ဖြစ်နေမိသည် ။

*** ငါတကယ် ကိုလွန်းကိုချစ်နေတာ
များလား မဟုတ်နိုင်ပါဘူး ငါက သူ့ကို
အမြင်ကပ်ပြီး မုန်းနေတာပါ ***

" မမရယ် စမနေပါနဲ့တော့
ဟိုမှာမျက်နှာတခုလုံးလဲနီရဲနေပြီ
တော်တော်လဲ ရှက်နေပြီ
ထင်တယ် "
" ရှက်နေတာလေးက ပိုတောင်
ချစ်စရာကောင်းသေးတယ်
ညီမရယ် .... ကြည့်စမ်းပါဦး
စစ်လွန်းသာ ဒီမျက်နှာလေးကို
မြင်ရင်တော့ အသဲတွေယားပြီး
ပိုတောင်ချစ်လာတော့မှာပဲ
ပြောသာပြောရတာ မမတောင်
အသဲယားပြီး အဲပါးလေးကို လိမ်
ဆွဲချင်နေမိပြီ ကြည့်ရတာ
တော်တော်ကို ကိုင်ဆွဲလို့
ကောင်းမယ့်ပုံပဲ "

Love GameWhere stories live. Discover now