Epi 19

89 8 0
                                    

For Zawgyi ,

စာမေးပွဲဖြေနေတဲ့ အတောအတွင်း သူ့ကိုမဆက်သွယ်ရန်နဲ့လာမတွေ့ဖို့ပြောထားတဲ့ကောင်လေးရဲ့စကားကြောင့် သူ့မှာ အရမ်းလွမ်းနေမိတာကိုတောင် သွားမတွေ့နိုင်ပဲ ဖြစ်နေခဲ့ရသည် ။ဒီအတောအတွင်းမှာ မဆက်သွယ်မိ အောင်လည်း မင်းစစ်လွန်းနိုင် အတတ် နိုင်ဆုံး ကြိုးစားနေခဲ့ရသည် ။
သူ့ကလေးလေးနဲ့ဝေးနေရတဲ့နေ့ရက်တွေဟာ သူ့အတွက်တော့ ဆယ်ကမ္ဘာ
လောက်ကြာသလိုပါပဲ ။
ကလေးကို အရမ်းလွမ်းမိလာတိုင်းလဲ သူ့မှာ ကလေးမသိအောင် ခိုးခိုးပြီးသွား
ကြည့်ရတာလဲ အလုပ်တခုလိုကို ဖြစ်နေ
ခဲ့ရသည် ။

ခုတော့ ဒီအဖြစ်အပျက်က လွတ်မြောက်
ခွင့်ရတော့မည် ဖြစ်၍ သူပျော်ရွှင်နေမိ
သည်။
ဒီနေ့က စာမေးပွဲနောက်ဆုံးနေ့ ဖြစ်သလို
သူတို့နှစ်ယောက်ရဲ့ ဂိမ်းအဆုံးသတ်တဲ့
နေ့လေးလဲ ဖြစ်တယ် ။
သူ ဒီဂိမ်းလေးကို အဆုံးသတ်ပြီး
ချစ်ရတဲ့အကြောင်းလေးတွေကို
သူ့ကလေးလေးသိအောင်
ဖွင့်ပြောလိုက်တော့မယ် .....
ကလေးက သူ့အပေါ်ဘာသဘောထား
ရှိလဲ မသိပေမယ့်
သူ့အပေါ် သံယောဇဉ်ရှိတာတော့ သူ
သိတယ်
ဒါကြောင့်
ကလေး..... သူ့ကို မချစ်သေးရင်တောင်
ကလေးအနားမှာနေပြီး သူ့အချစ်တွေကို
သူ့ကလေးလေးခံစားလာမိအောင်
ကြိုးစားရမယ် .....
ကြာလာရင် ကလေးကလဲ သူ့အပေါ်
ချစ်လာလိမ့်မယ်လို့ သူယုံကြည်
တယ် ......

ဒါပေမယ့် သူမေ့နေခဲ့မိတာကတော့
ဒီဂိမ်းက အလောင်းအစားသဘော
နဲ့ စတင်ခဲ့တယ်ဆိုတာကိုပဲ
ဖြစ်တယ် ။
တကယ်လို့ ဒီဂိမ်းလေးသာ အဆုံးသတ် ခဲ့ရင် သူတို့နှစ်ယောက်ရဲ့ရင်းနှီးမှုတွေလဲ
အဆုံးသတ်သွားမယ်ဆိုတာကို
သူ မေ့နေခဲ့တယ် ။

စာမေးပွဲဖြေနေစဉ်မှာလဲ စာကို စိတ်မ ဝင်စားနိုင်ပဲ သူ့ကလေးလေး
အကြောင်းပဲ တွေးနေမိကာ ကလေးနဲ့ တွေ့ချင်လွန်းလို့ စာမေးပွဲကို အမြန်ဆုံးဖြေကာ အခန်းထဲက အားလုံး
ထက်ဦးစွာထွက်လာခဲ့သည် ။

စာမေးပွဲခန်းက ထွက်လာပြီးနောက် သူ့ကလေးလေးကို message တစောင် ပို့ကာသူ ကျောင်းဝန်းထဲက ထွက်လာခဲ့
လိုက်သည် ။

ထို့အတူ
လင်းသူရိယမှာလဲ စာမေးပွဲကို အာရုံမစိုက်နိုင်ဖြစ်နေမိပြီး ဒီနေ့ကသူတို့နှစ်ယောက်ရဲ့ဂိမ်းအဆုံး
သတ်မယ့်နေ့ဆိုတဲ့အတွေး
တွေကပဲ သူ့စိတ်ထဲရောက်လာကာ
ဝမ်းနည်းကာအတွေးတွေများနေ
မိသည် ။

Love GameWhere stories live. Discover now