Epi 8

102 13 0
                                    

For Zawgyi ,

မင်းစစ်လွန်းနိုင် သူ၏လက်မှနာရီကို ခဏကြည့်
လိုက်ပြီး တစ်ယောက်တည်းရေရွက်ပြောဆိုလိုက်
မိသည် ။
ခုမှ ၆နာရီခွဲကျော်ပဲ ရှိသေးတာဆိုတော့ ငါ့ကလေး
က အိပ်ရာကနိုးမယ့်ပုံ မပေါ်သေးဘူး ....
ခုချိန် ငါဖုန်းဆက်လိုက်ရင်လဲ အိပ်ရေးပျက်နေဦးမယ်
တော်ကြာ ဖုန်းမဆက်ပြန်ရင်လဲ ကလေးက ကျောင်း
အတူတူသွားဖို့ ငါ့ကို စောင့်နေပြန်ဦးမယ်
ငါဘာလုပ်ရမလဲ ? ....
အား ... သိပြီ message ပို့ထားလိုက်မယ် ဒါဆို
အသံမကျယ်တော့ ကလေးနိုးမှာမဟုတ်ဘူး .. ဒီတော့ အိပ်ရေးလည်းပျက်မှာ မဟုတ်တော့ဘူး

သူ message တစ်စောင်ရေးကာ ပို့လိုက်ပြီး
ကျောင်းသို့ထွက်လာခဲ့သည် ။

ဖုန်းဆက်နိုးမယ့်သူမရှိတော့ ၉နာရီတီးတဲ့အထိ လင်းသူရိယ အိပ်ပျော်သွားလေတော့သည် ။
အလုပ်ကိစ္စနဲ့ခရီးထွက်သွားသည့် သူ့မိခင်ဆီမှ
ဖုန်းဆက်ကာမှပဲ သူနိုးလာခဲ့လေသည် ။

Why known Why known Why
known me .... 🎶🎶🎶🎵

" ဟဲလို .... " မနေ့ညက ၂နာရီတီးတဲ့အထိဇာတ်
ကားကြည့်နေမိလို့ သူ အိပ်ရေးမဝဘဲဖြစ်နေမိသည် ။
ထို့ကြောင့် စကားသံဟာလည်း အိပ်ချင်မူးတူး
အသံကြီး ဖြစ်နေမိသည် ။
" သား .. ခုထိအိပ်ရာမှာပဲလား ကျောင်းမသွားရ
ဘူးလား ၉နာရီတီးနေပြီလေ .."
" ဗျာ ... မား တကယ် ၉နာရီတီးနေပြီလားဟင် ..."
" အေးလေ ..."
" ဒါဆို ဆောရီးပဲ မားရေ သားဖုန်းချလိုက်တော့မယ်
ဗျာ "
" အေးအေး .... သား "

သူဖုန်းကိုအမြန်ချပြီး လက်မှနာရီကိုကြည့်လိုက်ရာ ၉ နာရီ ဆိုတဲ့ဂဏန်းကြီးက သူ့ကိုလှောင်ပြောင်နေ
လေသည် ။
*** f**k f**k ... တကယ်ကြီး ၉နာရီတီးနေ
ပြီဟ ... ငါတော့ ကျောင်းနောက်ကျပါပြီကွာ .. ***
ထို့နောက် သူ အိပ်ရာမှကမူးကရှူးထကာ ရေချိုးခန်း
ဆီသို့ အလျင်အမြန်ပြေးဝင်လိုက်ရလေတော့သည် ။
ကိုလွန်း ငါ့ကိုဘာလို့ ဖုန်းဆက်မနိုးရတာလဲကွာ .?.
ငါတော့ အတန်းချိန်တွေလွတ်သွားတော့မှာပဲကွာ ...

မြန်မြန်ဆန်ဆန်ရေမိုးချိုးကာ အဝတ်အစားအမြန်လဲ
ပြီး ကားသော့ကောက်ကိုင်ကာ သူ ထွက်လာခဲ့လေ
သည် ။
ကျောင်းနောက်ကျမှာစိုးပြီး သူ ကားကိုလည်း အမြန်
မောင်းလာခဲ့ရလေတော့သည် ။
ဘယ်လောက်ထိမြန်လည်းဆိုရင် သူကျောင်းရောက်
တော့ ၁၀နာရီတီးဖို့ ၅မိနစ်လောက်လိုသေးလေ
သည် ။
အား .... မနက်စာတောင် မစားခဲ့ရဘူး ..ဗိုက်ဆာ
လိုက်တာကွာ
ဆာနေတဲ့ဗိုက်ကို သူအရေးမစိုက်နိုင်ပဲ အတန်းဆီသို့
တစ်ဖန်ပြေးရပြန်လေသည် ။
အတန်းရှေ့ရောက်တော့ သူမောလွန်းလို့ အသက်
မရူနိုင်အောင်ကို ဖြစ်နေမိသည် ။
ဟောဟဲ ဟောဟဲ .... မောလိုက်တာ
ဟူး .... ကံကောင်းလို့ ဆရာမ မရောက်သေးဘူး ...

Love GameWhere stories live. Discover now