Epi 21

191 11 11
                                    

#အိမ်မှာလဲ စိတ်ညစ်စရာတွေရှိလို့ရယ်
ဘာမှစဉ်းစားလို့မရတာရယ်ကြောင့်
ကြာသွားတယ်

For Zawgyi,

အချိန်တွေကြာရင် ခင်ဗျားကိုကျွန်တော်
မေ့သွားလိမ့်မယ် ၊
ဒီအလွမ်းတွေလည်း အဆင်ပြေသွားလိမ့်မယ် လို့ထင်ခဲ့ဖူးတယ် ။
အခုတော့ ဒါတွေအကုန်မှားနေမှန်း ကျွန်တော်
သိလိုက်ရပြီ ။
ဘာလို့လဲဆိုတော့ အချိန်တွေကြာလေခင်ဗျား
ကို သတိရလာလေပဲ ဖြစ်နေမိပြီး အလွမ်းတွေ သာတဖြည်းဖြည်းပိုတိုးလာခဲ့တယ် ။
ခင်ဗျားကိုတော့ ကျွန်တော်မမေ့နိုင်ခဲ့ဘူး ။
ခင်ဗျားကို မေ့ဖို့ အပြင်တွေလျှောက်သွား
ပြီးပျော်စရာရှာခဲ့သလို ရုပ်ရှင်တွေလဲသွား ကြည့်ခဲ့ပေမယ့် ခင်ဗျားကိုမမေ့နိုင်ဘဲ ပိုတိုးလို့ သာလွမ်းလာမိတယ် ။
အပြင်တွေလျှောက်သွားလဲ ခင်ဗျားကို သတိရ
မိလာတယ် ။
ရုပ်ရှင်ရုံရောက်တော့လဲ ခင်ဗျားကို ပိုလွမ်း
လာမိတယ် ။
ချစ်မိပြီဆိုရင် လွယ်လွယ်မေ့ဖို့မဖြစ်နိုင်ဘူး
ဆိုတာ ကျွန်တော်မသိခဲ့ဘူး ။
ပိုဆိုးတာက သူ့ကိုအရမ်းချစ်နေမှန်း ကိုယ့်ကို
ကိုယ် သတိမထားမိခဲ့တာဘဲ ။
လမ်းခွဲပြီးတော့မှ သူ့ကို သိပ်ချစ်နေမိတာတွေ
ကို သိလာခဲ့ရတယ် ။
ဒါပေမယ့် အခုတော့ အကုန်လွန်ကုန်ပြီ ။
ကျွန်တော်တို့နှစ်ယောက်ရဲ့ဇာတ်လမ်းကလဲ
အဆုံးသတ်သွားခဲ့ပြီ ။

သူလဲ အခုဆို ကျွန်တော့ကို သိပ်မုန်းနေတော့
မှာပေါ့ ....
ကျွန်တော် ခင်ဗျားကို ထပ်တွေ့ခွင့်ရပါ့ဦးမ
လားဗျာ ....
တောင်းပန်ခွင့်ရော ရှိပါဦးမလား ....
ဘာပဲဖြစ်ဖြစ် ခင်ဗျားအဆင်ပြေဖို့ဆုတောင်း
ပါတယ်ဗျာ ...

“ ယောက်ျား ... သားကြည့်ရတာ မျက်နှာလဲ
မကောင်းဘူး အပြင်ခဏခဏသွားနေပေမယ့်
ပျော်နေပုံလဲ မပေါက်ဘူး  အခုဆိုပိုဆိုးလာ
ပြီ အခန်းထဲက မထွက်ဘဲ အခန်းပဲအောင်းနေ
တော့တယ်  ဘာဖြစ်နေလဲမသိဘူး ... ”
“ အင်း..ဟုတ်တယ် ဒါပေမယ့် သားကပြောပြ
ချင်ပုံမရဘူး အဲတော့ ဒီအတိုင်းပဲ လွှတ်ထား
လိုက်ပါကွာ ... ”
“ သားသူငယ်ချင်းကို မေးကြည့်ရမလား .. ”
“ ထားပါကွာ သူကငါတို့ကို မသိစေချင်လို့
ငါတို့ရှေ့မှာ ပျော်ပျော်နေပြတာလေ အဲတော့
ထားလိုက်ပါ သားပြောပြချင်ရင် ပြောပြလိမ့်
မယ်လေ ... ”
“ အင်းပါ .... ”

You've reached the end of published parts.

⏰ Last updated: May 29, 2020 ⏰

Add this story to your Library to get notified about new parts!

Love GameWhere stories live. Discover now