Epi 15

87 7 0
                                    

For Zawgyi ,

ကားထွက်မည့်ချိန်ထက် နာရီ ဝက်စောကာ လင်းသူရိယအိမ်ကထွက်လာခဲ့
သည် ။
သူ ကားဂိတ်ရောက်တော့လဲ ကား ဂိတ်မှာလူတွေတောင်စုံလင်အောင်
မရောက်ကြသေးပေ ။
သူ့ဘဝမှာပထမဆုံးသွားရတဲ့ခရီး
လေးမို့ လင်းသူရိယအရမ်းကိုစိတ်
လှုပ်ရှားနေမိသည်
ထို့ကြောင့်
ကားဂိတ်ဆီသို့ သူငယ်ချင်းတွေထက်
အစောဆုံးရောက်အောင်
လာခဲ့လေသည်
သူချစ်မိနေတဲ့သူနဲ့ ခရီးအတူသွားခွင့်
ရတာဖြစ်တဲ့အတွက်လဲ သူပိုပြီး
ပျော်ရွှင်နေမိလေတယ် ။

စိတ်လှုပ်ရှားပျော်ရွှင်စွာနဲ့ ခရီးဆောင်ကျောပိုးအိတ်ကိုလွယ်ကာ လင်းသူရိယ
ကားပေါ်တက်လာခဲ့သည် ။
ဒါပေမယ့်
သူ့ထက်စောစီးစွာရောက်နေတဲ့သံစဉ်ပွင့်ဖြူနှင့်နွေခတ္တာရာတို့နှစ်ဦးကို ကားပေါ်မှာတွေ့လိုက်ရသည် ။

" ဟိုင်း ! လင်းလင်း "
" ဟဲလို ကလေးလေး "
စပ်ဖြဲဖြဲလုပ်ကာ နှုတ်ဆက်နေကြတဲ့
သံစဉ် နှင့် မနွေတို့နှစ်ဦးကိုကြည့်ကာ

" ဘယ်တုန်းကတည်းက ရောက်​နေကြတာလဲ ?? အိမ်ကရော
ဘယ်အချိန်ကတည်းက ထွက်လာကြတာလဲ ??? "

သူတအံ့တဩမေးလိုက်မိတော့ သံစဉ်
ပွင့်ဖြူက ရယ်ကျဲကျဲလုပ်ကာ

" နာရီဝက်လောက်တော့ရှိပြီ
ငါတို့လဲ စိတ်လှုပ်ရှားလွန်းလို့
ကားထွက်မယ့်အချိန်ကို အမှတ်မှား
လာလို့လေ ငါတို့ရောက်တော့
ကားဂိတ်မှာ လူတောင်မရှိသေးဘူး
ဒါကြောင့် ငါတို့လဲပျင်းပျင်းနဲ့
ကားဂိတ်တောင် တပတ်ပတ်လိုက်
ရသေးတယ် ကားပေါ်ကိုတောင်
ခုနကမှ တက်လာတာ "

သံစဉ်ပွင့်ဖြူရဲ့အလွဲကြောင့် သူ ရယ်
မိသွားတယ်

" ဟားဟား.... ဖြစ်ရလေ
မိသံစဉ်ရယ်
နင့်မလဲနော် အရာရာနဲ့အကြောင်း
ကြောင်းချည်းပဲ ....
ဒါနဲ့ မိသံစဉ်ကတော့ လျှပ်ပြာမ
မို့ထားပါတော့ မနွေကရောဘယ်
လိုဖြစ်ပြီး လွဲရတာလဲ "

လင်းသူရိယရဲ့အမေးကို နွေခတ္တာရာက
ပြုံးကာ

" ဒါလား မိသံစဉ်ပေါ့အေ
မနက်အစောကြီးအိမ်ကို
ရောက်လာပြီးတော့
မမ ဘာမှမပြင်ရသေးဘူးလား
နောက်ကျနေပြီဆိုပြီး အတင်း
ဆွဲခေါ်လာတာလေ ...
ငါကကားထွက်ချိန်မရောက်
သေးဘူးပြောတာကို အတင်းငြင်း
တယ်လေ
ဒါကြောင့် ငါများကားထွက်ချိန်
အမှတ်မှားနေတာများလားဆိုပြီး
သူဆွဲခေါ်တဲ့အတိုင်း ဘုမသိ
ဘမသိနဲ့ပါလာရတာဟယ် "

Love GameWhere stories live. Discover now