Part(1) U

548 36 0
                                    

"နာမည်"

"ဝမ်ရိပေါ်"

"တစ်ယောက်ခန်းလား?"

"နှစ်ယောက်ခန်းပေးပါ"

တစ်ယောက်တည်း လာတာမှန်သည်။ သို့သော် နှစ်ယောက်ခန်းပေး ဆိုတဲ့ သူ့ အဖြေကြောင့် Reception မှာ ထိုင်နေတဲ့ သူထံမှ အကြည့်တစ်ချက်ရလာသည်။

ခရီးပန်းလာတာကြောင့် သူ နားချင်နေပြီဖြစ်ရာ စိတ် သိပ်မရှည်ချင်တော့။

"NRC no."

"!@#$%^&*"

သော့ကို ကမ်းပေးဖို့အရေး မော့ကြည့်လာသည့် မျက်ဝန်းတစ်စုံ။

မှိုင်းညို့ညို့...

နောက်... တွေ့ရခဲ့သည့် အညိုရောင် မျက်ဝန်းတစ်စုံ။

"ပျော်ရွှင်စရာ ခရီးစဉ်လေးဖြစ်ပါစေ"

အသက်မဲ့နေသည့် မျက်လုံးတွေမှ အားမနာ။

ဆက်ပြောလာသည့် စကားကို အသိအမှတ်ပြုသလို ခေါင်းတစ်ချက်ငြိမ့်ပြီး နေရာမှ လှည့်ထွက်ဖို့ပြင်သည်။

"နေဦးလေ... အခန်းက ကိုယ်လိုက်ပြရမှာ"

ဟုတ်တော့ဟုတ်သည်။

သူ ရောက်ကတည်းက ဒီ Resort လေးအတွင်း သူ့ရှေ့မှ လူမှတစ်ပါး အခြား လူရိပ်လူယောင် မတွေ့ရသေးပေ။

"လိုက်ခဲ့ပါ"

နေရာမှထရပ်ကာ လမ်းပြပေးဖို့ ရှေ့မှ ဦးဆောင်ထွက်သွားသည့် လူသား။

အိတ်ကို အသာဆွဲရင်း နောက်က လိုက်သွားလိုက်မိသည်။

"ဒီအခန်းပါ.... လိုအပ်တာရှိရင် အချိန်မရွေးခေါ်နိုင်ပါတယ်"

အခန်းထဲဝင်၊ ပြတင်းပေါက်တစ်ချို့ ဖွင့်ပေးကာ အခန်းထဲမှ ပြန်ထွက်သွားတော့သည်။

ပိန်ပိန်ပါးပါးနှင့် ပုံစံက လေတိုက်လျှင်ပင် ယိုင်သွားတော့မလိုလို။

အိတ်ကို ဘေးချကာ ကုတင်ပေါ် ခြေပစ်လက်ပစ် ပစ်လှဲချလိုက်မိသည်။

သူ ပင်ပန်းနေပြီလေ။

အရမ်း...အရမ်းကို။

Korea မှ ပြန်ရောက်ရောက်ချင်း ဒီနေရာသို့ ချက်ချင်းကြီး ထွက်လာခဲ့သည်မဟုတ်လား။

UncoverWhere stories live. Discover now