Part(5) U

214 19 1
                                    

ဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်ကြောင့် နှစ်ယောက်သားကြား မျက်နှာပူစရာတွေ ဖြစ်သွားပေမယ့် ကြာရှည်မခံလိုက်ပေ။

နှစ်ယောက်သား နေထွက်တာကို အတော်ကြာကြည့်ပြီးမှသာ ဟိုတည်ဆီပြန်လာဖြစ်ခဲ့ကြသည်။

နှစ်ယောက်တွဲဝင်လာသည်ကို မြင်မြင်ချင်း ယွီပင်းက စူးစမ်းသလို ကြည့်နေပေမယ့် ဒေါ်လေး ပင်းပင်းရဲ့ မနက်စာစားလို့ရပြီ ဆိုတဲ့ စကားသံကြောင့် သူ ကိုယ်လက်သန့်စင်မည်ဟု အကြောင်းပြကာ အပေါ်ထပ်သို့ တက်လာခဲ့လိုက်မိသည်။

"မင်းကြိုက်မယ်ထင်လို့ ပူတင်းလုပ်ပေးထားတယ်တဲ့ ဒေါ်လေးပင်းပင်းက"

မိသားစုလိုမျိုး Styleကြောင့်ပဲ ဒီလို ဝန်ဆောင်မှူမျိုးပေးတာလား? ဒါမှမဟုတ် သူတစ်ယောက်တည်းကပဲ ရနေသည့် ဝန်ဆောင်မှုမျိုးလား။

"ယွီပင်း မင်းလည်း တစ်ခါတည်း ဝင်ပြီး မနက်စာစားလိုက်ပါလား"

Coffee ခွက် လာချပေးသည့် ယွီပင်းကို မေးလိုက်သည့်စကား

"ရတယ် သခင်လေး ကျနော် စောစောလေးက ပူတင်းမြည်းထားလို့ပါ"

သူပဲ စိတ်ထင်နေသည်လား မပြောတတ်။ သူတို့ပြန်လာကတည်းက ယွီပင်းဆိုသည့် ကောင်လေးရဲ့ အပြုအမူ အပြောအဆိုတွေက တစ်မျိုးဖြစ်နေလေသည်။

ဘာတွေပါလိမ့်?

အရှေ့က လူသားကတော့ သူတွေးသည့်အတိုင်း တွေးနေပုံပင်မရ။ သူမေးစရာရှိတာ မေးပြီးသည်နှင့် ပူတင်းပန်းကန်ကိုသာ အာရုံစိုက်ထားပုံရသည်။ ဇွန်းတစ်ချောင်းနဲ့ အလုပ်ရှုပ်နေလေရဲ့။

တွေးလက်စကို ပြန်ရုတ်သိမ်းကာ မနက်စာ စစားဖို့ပြင်ရသည်။

ကောင်းလိုက်တဲ့ ပူတင်း။

ချိုသည့်ဘက်ကိုလည်းမရောက် ဆိမ့်သည့်အရသာလည်းမဟုတ်သည့် ပူတင်းပူပူလေးမှာ အတော်ပင် စားကောင်းလှသည်။ စားကောင်းကောင်းနှင့် အားလုံးကုန်သည်အထိ စားပစ်လိုက်မိသည်။

စားလက်စကို လက်စသတ်ပြီး မော့ကြည့်လိုက်တော့ ရှေ့ကလူက ကော်ဖီသောက်ရင်း သူ့ကို ကြည့်နေပုံရသည်။

UncoverWhere stories live. Discover now