ရိပေါ် အသက် ၁၄နှစ်။
ငယ်ငယ်ကတည်းက အကဝါသနာပါခဲ့တဲ့ ရိပေါ်က Entertainment တစ်ခုကနေ ကြီးမှူးကျင်းပတဲ့ အကပြိုင်ပွဲတစ်ခုမှာ ဝင်ပြိုင်ခဲ့တယ်။ ထူးချွန်တဲ့ ပြိုင်ပွဲဝင်ဖြစ်တာကြောင့် သင်တန်းသားအဖြစ် ရွေးချယ်ခံခဲ့ရတာက သူ့ဘဝရဲ့ ပထမဆုံးသော ကံကောင်းမှု။
သင်တန်းသားဖြစ်ခဲ့တဲ့ ရိပေါ်ဟာ တောင်ကိုရီးယားမှာ လေ့ကျင့်ရေးဆင်းခဲ့ရပြီးတော့ သူ့အသက် ၁၇မှာတော့ Group တစ်ခုရဲ့ Member အဖြစ်နဲ့ တရားဝင်မိတ်ဆက်ပေးခြင်းခံခဲ့ရတယ်။
ဒါဟာလည်း သူ့အတွက် နောက်ထပ် ကောင်းချီးတစ်ခု။
ဘာသာစကားမတူ၊ဓလေ့စရိုက်မတူ၊ရိုးရာယဉ်ကျေးမှုခြင်းမတူတဲ့ တစိမ်းနယ်မြေမှာ ရိပေါ်ဟာ အကောင်းဆုံး ကြိုဒါးနေထိုင်ခဲ့တဲ့။ တစ်ဖက်က ဘာသာစကားနဲ့ယဉ်ကျေးမှုကို သင်ယူရင်း နောက်တစ်ဖက်မှာတော့ အကပညာသာမက အဆိုပညာကိုပါ လေ့လာသင်ယူခဲ့တယ်။
၁၈နှစ် ၁၉နှစ် ဆိုတဲ့ အသက်ရွယ်က သူ့ဘဝရဲ့ အထွန်းတောက်ဆုံး အချိန်တွေလို့ ဆိုရမှာပေါ့။
အကောင်းဆုံးကြိုးစားခဲ့တယ်။ အကောင်းဆုံးဖြစ်ရမယ်ဆိုတဲ့ စိတ်နဲ့ပေါ့။
အောင်မြင်လာတာနဲ့အမျှ တိုက်ခိုက်မှုတွေကြုံရတယ်။ ရေခြားမြေခြားက လာခဲ့တဲ့ တစိမ်းကောင်လေးကို မညှာမတာနဲ့ပေါ့။ အသက်အရွယ်နဲ့မလိုက်အောင် ရရှိခဲ့တဲ့ အခက်အခဲတွေ၊ခါးသီးမှုတွေကို တစ်ယောက်တည်း အံ့တုရင်းနဲ့ပေါ့။
ဒါပေမယ့် ဒီနှစ်ကတော့ ရိပေါ်အတွက် ဘုရားသခင် ကောင်းချီးပေးဖို့ မေ့လျော့နေတဲ့ နှစ်ဖြစ်မယ်ထင်ပါတယ်။
တောင်ကိုရီးယားနဲ့ တရုတ်ကြားက တင်းမာမှုတွေ။ တရုတ်အနုပညာရှင်တွေအကုန် တောင်ကိုရီးယားနှင့် ပတ်သက်သည့်
အနုပညာအလုပ်တွေအကုန် ရပ်နားခြင်းခံလိုက်ရမှုတွေ။နဂိုကတည်းက တိုက်ခိုက်မှုတွေများနေသည့် ရိပေါ်အတွက် ဒါဟာ အကြီးမားဆုံးသော ထိုးနှက်မှု။ အရင့်အရင် ထိုးနှက်မှုတွေကြောင့် ဆရာဝန်နဲ့ပါ ဆွေးနွေးနေရသည့် အခြေအနေမှာ ရိပေါ်အခြေအနေဟာ လုံးဝ ဆိုးရွားသွားခဲ့လေတော့သည်။
YOU ARE READING
Uncover
Fanfictionအချစ်... ခင်ဗျားနဲ့ ပတ်သက်ရင် မောင်က အရာအားလုံးနဲ့ သက်ဆိုင်ချင်တာမျိုး။ Unicode အချစ်... ခင်ဗျားနဲ့ ပတ်သက်ရင် မောင်က အရာအားလုံးနဲ့ သက်ဆိုင်ချင်တာမျိုး။