အချိန်အတန်ကြာသည်အထိ တိတ်ဆိတ်ငြိမ်သက်နေလျက်။
ယွီပင်းနဲ့ ဒေါ်လေးပင်းပင်းကလည်း အခြေအနေကို ရိပ်မိနေသည်လား မပြောတတ်။ ခါတိုင်း ညစာစားဖို့လာခေါ်တတ်သော်လည်း အခုကျ ဘာသံမှပင် မကြားရပေ။
ပြောစရာစကားမရှိဘူးဆိုတာထက် ပြောရမယ့် စကားတွေက များလွန်းနေတာကြောင့် သူ ဘယ်ကနေစပြောရမှန်းမသိ၍ အခက်တွေ့နေမိ သည်။ တစ်ပတ်တာအချိန်ဆိုပေမယ့် ဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်တွေက သိပ်ကိုများလွန်းနေသည် မဟုတ်လား။
Geတစ်ယောက် သူ့ကို နေ့မအားညမအား လိုက်ရှာနေတဲ့ပုံရသည်။ သူ့ကြောင့် Ge တော်တော်လေး ဒုက္ခရောက်သွားမည် ထင်သည်။ နောက် အရာရာကို ထည့်သွင်းစဉ်းစား ပေးတတ်ခဲ့တဲ့ သူက ဒီတစ်ခါတော့ သိပ်ကို တစ်ကိုယ်ကောင်းဆန်သွား မိခဲ့သည် ထင်သည်။
"မင်း အဆင်ပြေရဲ့လား ရိပေါ် ဒီလိုမျိုးတွေ့ရတာ Ge တကယ်ကို ပျော်တယ် သိလား"
လိမ္မော်ရည်ခွက်ကို ယူသောက်ပြီး စကားဝိုင်းကို အစပျိုးလာတာကြောင့် သူ ပြုံးလိုက်ပြီးမှ
"အင်း... နည်းနည်းတော့ ပြေလာပြီထင်တာပဲ ဒါပေမယ့် ကျနော် အချိန်နည်းနည်း..."
"Ge နားလည်ပါတယ် ဒီလိုအခြေအနေမျိုးနဲ့ ပြန်တွေ့ရတာပဲ အဆင်ပြေနေပါပြီ အချိန်ယူဖို့ကတော့..."
ပြောလက်စကို ရပ်လိုက်တာကြောင့် သူ Geမျက်နှာကို ကြည့်လိုက်မိသည်။
"အများကြီးမဟုတ်ပါဘူး ဒီ နှစ်ရက် သုံးရက်လောက်ဖြစ်ဖြစ်..."
သူ့စကားကြောင့် ဝေခွဲရခက်နေပုံပေါ်တဲ့ Ge.
"လာမယ့် ပိတ်ရက်မှာ Day Day Up နဲ့ စာချုပ်ချုပ်ဖို့ ပြင်ထားတယ် ရိပေါ် အဲ့ဒီ့အတွက်..."
Day Day Up? လက်ရှိတရုတ်ပြည်မှာ အရမ်းကို ရေပန်းစားနေသည့် Variety Show တစ်ခု။ Hot Search List တွေရဲ့ ထိပ်ဆုံးမှာ အမြဲနေရာယူထားတတ်သည့် အစီအစဉ်။ နောက် သူကိုယ်တိုင်လည်း ပါဝင်ချင်နေခဲ့သည့် Show.
ဒါက ကံကောင်းမှုတစ်ခုလား?
စာချုပ်ချုပ်မည်ဆိုတော့ အဖွဲ့ဝင်အနေနဲ့ဖြစ်မည်။ နာမည်ကျော် Guestတွေချည်း ဖိတ်ကြားတတ်တဲ့ အစီအစဉ်ရဲ့ အဖွဲ့ဝင်ဆိုတာကြီးက သူ့အတွက် ကောင်းမွန်တဲ့ အခွင့်အရေးဆိုတာထက်ပိုသည်။ အစီအစဉ်ကို ပါဝင်လိုက်သည်နှင့်ပင် သူ့ကို အခွင့်အရေးကောင်းတွေက ကြိုဆိုနေမည်မှာ အမှန်ပင်။
YOU ARE READING
Uncover
Fanfictionအချစ်... ခင်ဗျားနဲ့ ပတ်သက်ရင် မောင်က အရာအားလုံးနဲ့ သက်ဆိုင်ချင်တာမျိုး။ Unicode အချစ်... ခင်ဗျားနဲ့ ပတ်သက်ရင် မောင်က အရာအားလုံးနဲ့ သက်ဆိုင်ချင်တာမျိုး။