"သူတို့ကို ကြည့်လိုက်စမ်းရိပေါ် အရမ်း တက်ကြွ နေကြတယ်မဟုတ်လား"
အလယ်မှာရှိတဲ့ တီးဝိုင်းအဖွဲ့ရယ် နောက် ထို တီးဝိုင်းအဖွဲ့ကို ဝိုင်းပတ်ပြီး ကခုန်နေကြတဲ့လူတွေ။ မျက်စိမမြင်ကြသူများဟု ပြောလျှင် ယုံရးနိုင်မည်မဟုတ်။ နေကာမျက်မှန်ကိုယ်စီတပ်ထားကြတဲ့ မျက်ဝန်းတွေဆီမှလွဲ သူတို့ရဲ့ ခန္ဓာကိုယ်ကနေ အရောင်အဝါ တစ်ခုခုထွက်နေသလို။
"သူတို့က သိပ်ကိုကြိုးစားကြတယ် ရိပေါ် မျက်စိမမြင်နိုင်တာက သူတို့ရဲ့ ချို့ယွင်းချက်ဆိုပေမယ့် သူတို့က သူတို့ရဲ့ နယ်ပယ်မှာတောက်ပအောင် အစွမ်းကုန်ကြိုးစားကြတာ"
မျက်မမြင်ကျောင်းက ဖျော်ဖြေရေးတီးဝိုင်း။
သိပ်ကို မိုက်ပါသည်။ ကျွမ်းကျင်မှုတွေက ကြိုးစားမှုတွေနဲ့ ပေါင်းစပ်ထားမိမှပေါ့ မတောက်ပဘူးဆိုတာက လွန်တာပေါ့။
"မင်းလည်း တောက်ပနေတုန်းပါပဲ ရိပေါ်"
ဘေးက လူက သူ့ဘာသာ ရေရွတ်လိုက်လေသလား? ဒါမှမဟုတ် သူ့ကို အားပေးလိုက်တာလား? ဘာမဟုတ်တဲ့ စကားလေးဆိုပေမယ့် သူ...
"အဲ့ဒါကြောင့် အခက်အခဲတွေကြုံတဲ့အခါ စိတ်ဓာတ်မကျပါနဲ့ ရိပေါ်။ မင်းစိတ်ကြိုက် အနားယူပိုင်ခွင့်၊ အပန်းဖြေပိုင်ခွင့်ရှိတယ် ရိပေါ်။ ဒါပေမယ့် အဆုံးသတ်မှာတော့ ပြန်ကြိုးစားလိုက်ပါ ပြန်နိုးထလိုက်ပါရိပေါ် မင်းက တောက်ပနေတုန်းပါ မင်းမှာကြိုးစားပိုင်ခွင့်တွေ အများကြီးရှိပါသေးတယ်"
ရုတ်တရက်ကြီး ကြားလိုက်ရတဲ့ စကားတွေက သူ့ကို ကြက်သီးမွေးညင်း ထစေသည်။ အရင့် အရင် ကြားခဲ့ဖူးသည့် စကားလုံးတွေဆိုဦးတော့ ဒီတစ်ခါပြောသည့်လူက ရှောင်းကျန့်ဆိုသည့် လူ။
..........................................................................................................................................................................
သူတို့ အခုရောက်နေတဲ့ နေရာက ဟိုတည်အနောက်ဘက်က စမ်းချောင်းလေးဘေးမှာ။ ဘေးတစ်ဖက်တစ်ချက်မှာ အုပ်မိုးထားတဲ့ သစ်ပင်တွေကြောင့်ထင် ရာသီဥတုမှာ သူထင်ထားတာထက်ပင် သာယာနေလေသည်။
YOU ARE READING
Uncover
Fanfictionအချစ်... ခင်ဗျားနဲ့ ပတ်သက်ရင် မောင်က အရာအားလုံးနဲ့ သက်ဆိုင်ချင်တာမျိုး။ Unicode အချစ်... ခင်ဗျားနဲ့ ပတ်သက်ရင် မောင်က အရာအားလုံးနဲ့ သက်ဆိုင်ချင်တာမျိုး။