သူ နိုင်ငံတော်တော်များများကို ရောက်ဖူးခဲ့ဖူးသည်။
သဘာဝက ပေးသည့် သာယာသည့် ခံစားမှုမျိုး နောက် လူတွေဖန်တီးထားသည့် အရာတွေမှ ပေးသည့် သာယာသည့် ခံစားမှုမျိုး... စတဲ့ စတဲ့ ခံစားမှုမျိုးစုံ ကြိုးခုန်ခဲ့ဖူးသည်။
သို့သော်....
ဒီမြင်ကွင်းလောက် ပြီးပြည့်စုံသည့် ခံစားချက်မျိုး၊ နောက် စိတ်ချမ်းသာမှုမျိုး မခံစားခဲ့ဖူးချေ။
မက်မွန်ပန်းပင်တွေကြားက လမ်းလေးတစ်ခု။ အနီးစပ်ဆုံး ပုံဖော်ပြရရင် မက်မွန်ပန်းပင်တွေကြားက
ပွင့်ဖတ်ဖြူဖြူလေးတွေနဲ့ ခင်းထားသည့် လမ်းလေး။အဖြူရောင်တွေခြယ်ထားတဲ့ လမ်းမပေါ်က အဖြူရောင်ကောင်လေး။
နတ်သက်ကြွေလာသည့် နတ်သားတစ်ပါး အလား။
ရှောင်းကျန့်။
မနက် ၃နာရီကြီး သူ့ အခန်းတံခါးကို ခေါက်ကာ ဘုံကျောင်းသွားရအောင်ဟု လာခေါ်ခဲ့သည့်သူ။
သူကိုယ်တိုင်လည်း ဘာတွေယုံကြည်ကာ လိုက်လာခဲ့မိသည်မသိ။
ဝတ်ပြုဆုတောင်းပြီးနောက် နေထွက်တာကြည့်ရအောင်ဆိုတဲ့ အဆိုပြု စကားနဲ့အတူ ဦးတည်မိသည့်နေရာ။
ဟော... ကြည့်
လေအဝေ့ကြောင့် မက်မွန်ပန်းတွေ ကြွေကျလာပြန်ပြီ။
"ဟေး.... မြန်မြန်လာလေ ဘာတွေစိတ်ဝင်စားနေတာလဲ"
ရှေ့က ဦးဆောင်သွားနေရာမှ နောက်ကို ပြန်လှည့်လာသည့် လူသား။
ဟော.. သူ့လက်ကို လာဆွဲပြန်ပြီ။
"လူငယ်လေးဖြစ်ပြီး တက်တက်ကြွကြွရှိစမ်းပါ မင်းက နှေးကွေးလိုက်တာ"
လက်ကို ဆတ်ခနဲ ဆွဲကိုင်ကာ သူ့ကို အမြန်လာဖို့ တိုက်တွန်းနေပြန်လေသည်။
"နေဦး... ခင်ဗျားလည်း ခန"
ဘယ်လောက်မှ အားမစိုက်လိုက်ရ။ အဖြူရောင်လူသားသည် သူ့ ရင်ခွင်ထဲ ပုံကျလာတော့သည်။ ရှေ့သွားရန်စိတ်စောနေရာမှ ရုတ်တရက် သူ ပြန်ဆွဲခေါ်လိုက်တာကြောင့် ဟန်ချက်ပျက်သွားသည်ထင့်။
"အာ...Sorry"
ချက်ချင်းပင် တိတ်ဆိတ်သွားသည့် ပတ်ဝန်းကျင်။ နောက် အေးစက်သွားသည့် နှစ်ယောက်ကြား အခြေအနေ။
"ဟို....."
သူ့ဘက်က တစ်လှမ်းရှေ့တိုးလိုက်သည်နှင့် ချက်ချင်း နောက်တစ်လှမ်းဆုတ်သွားသည့် သူ။
"ဟို...ခင်ဗျား"
ဒီတစ်ခါတော့ ပုခုံးကိုပါ လှမ်းဆွဲလိုက်တာကြောင့် နောက်ထပ်ဆုတ်ဖို့ အခွင့်အရေးမရတော့။
"အာ့...."
ပုခုံးနှစ်ဖက်ကို ဆွဲကိုင်ကာ တည့်တည့် ရပ်စေပြီးမှ မျက်နှာချင်ဆိုင်ဖို့လုပ်တော့ ထိုလူသားရဲ့ အကြည့်တွေက...
#tbc
YOU ARE READING
Uncover
Fanficအချစ်... ခင်ဗျားနဲ့ ပတ်သက်ရင် မောင်က အရာအားလုံးနဲ့ သက်ဆိုင်ချင်တာမျိုး။ Unicode အချစ်... ခင်ဗျားနဲ့ ပတ်သက်ရင် မောင်က အရာအားလုံးနဲ့ သက်ဆိုင်ချင်တာမျိုး။