Part(6) U

209 17 1
                                    

ဒီတစ်ပတ်အတွင်း အစွမ်းကုန် လူအင်အားစိုက်ထုတ်ကာ လိုက်ရှာနေခဲ့ပေမယ့် ပြန်ရခဲ့သည်က နောက်ဆုံးငွေထုတ်ခဲ့သည့် ATM စက်တစ်ခုမှာသာ အဆုံးသတ်တော့သည်။

ငွေသားတော်တော်များများထုတ်ယူသွားတာကြောင့် သူတို့တွေ တွေးထင်ထားသလို မိုက်ရူးရဲဆန်သည့် လုပ်ရပ်မျိုး လုပ်မည် မဟုတ်လောက်ပေ။ပြီးတော့ အဲ့လို လုပ်ရပ်မျိုး လုပ်မည့် လူမျိုးလည်း မဟုတ်။

သူတို့မသိသည့် တစ်နေရာရာ သူတို့ မစုံစမ်းနိုင်သည့် တစ်နေရာရာမှာ နေနေ၍သာ ဖြစ်မည်ထင်သည်။အခုလို အစအနပင် ရှာ၍မရသည်က။

ဆိုတော့ကာ...

နောက်ဆုံးတွေ့ခဲ့သည်က လေဆိပ်။

နောက် ဖြေးဖြေးချင်း စုံစမ်းရမိသည်က လေဆိပ်ကနေတစ်ဆင့် စီးသွားသည့် Taxi.

သိသိချင်းကတည်းက လိုက်နေပေမယ့် များပြားလွန်းသည့် Taxiတွေကြောင့် အဆင်မပြေ။ လေဆိပ်က CCTV ကိုပါ ယူစစ်ဖို့ ပြင်ရတော့သည်။

Taxi ကို သိလာပြန်တော့လည်း ချက်ချင်းကြီးစုံစမ်းဖို့ကမဖြစ်နိုင်။ Taxi Driver က ခွင့်ယူကာ နယ်သို့ပြန်သွားတာကြောင့် အချိန်က မကြန့်ကြာသင့်ဘဲ ကြန့်ကြာနေလေသည်။
ဒီလိုနဲ့ တစ်ပတ်ပင် ပြည့်တော့မည်။

"သူ ဆင်းသွားပြီး ATM စက်ဆီ သွားတာပဲ ဦးလေးတွေ့ခဲ့တာ ဦးလေးလည်း နောက်ခရီးစဉ်တွေရှိတာနဲ့ ချက်ချင်း ပြန်ထွက်ခဲ့တာ ငါ့တူရ"

သွားပြီ။

လမ်းစပျောက်တယ်ဆိုတာ ဒါမျိုးပင်။

လူလတ်ပိုင်းအရွယ် Taxi Driverဆိုပါက သိနိုင်သည့် အခွင့်အရေး အနည်းငယ်ရှိနေပေမယ့် အခုကျ ဦးလေးအရွယ်။ဒါ့အပြင် အဲ့ဒီ့နေ့က Mask တပ်ပြီး ရုပ်ဖျက်ပေးခဲ့တာ သူကိုယ်တိုင် မဟုတ်လား။

မမှတ်မိတဲ့သူရဲ့ အလွန်တော့ မဟုတ်ပေ။

နောက်ဆုံးမျှော်လင့်ချက်အနေနဲ့ ATM စက်နားက CCTV ကိုပါ စစ်ဖို့ ပြင်ရတော့သည်။

ကျေးဇူးပြု၍ ဒီတစ်ခါတော့ ဘုရားသခင် သူ့အား ကောင်းချီးပေးပါစေ။

ဒီတစ်ပတ်အတွင်း ဝေပေါ်မှာ Trending ဖြစ်နေသည့် ခေါင်းစဉ်မှာလည်း လုံးဝကို အောက်မရောက်သွားချေ။

UncoverWhere stories live. Discover now