Part(12) U

200 12 1
                                    

မျက်စိရှေ့က ပိုစတာကို သူ ဘယ်လောက်ကြာ ငေးကြည့်နေခဲ့မိသည်မသိ ယွီပင်း အနားပြန်ရောက်လာသည်ကိုပင် သတိမထားမိလိုက်သည် အထိ။

"သခင်လေး လုပ်ပေးခဲ့တဲ့ အရာက သိပ်ကို အရာထင်သွားတယ်ထင်တယ် အခုဆို နေရာတကာမှာ ဝမ်ရိပေါ်နဲ့ပတ်သက်တဲ့ အရာတွေချည်းပဲ"

လက်ထဲကို ကော်ဖီခွက် ထည့်လာပေးကာ ချီးကျူးစကားဆိုလာလေသည်။

"သူက နဂိုကတည်းက တောက်ပနေတဲ့ ကြယ်ပွင့်လေးပါပဲ ကိုယ်တို့က သူ့ကို နေရာမှန်ပြန်သွားအောင် တိုက်တွန်းပေးခဲ့ရုံတင်လေ"

သူ့စကားကို သဘောတကျ ထောက်ခံနေတဲ့ပုံနဲ့ ယွီပင်း။ ကားစက်နှိုးလိုက်ကာ လမ်းပေါ်တက်ဖို့ အရှိန်ယူနေလေသည်။

"ဒါနဲ့ သခင်လေး အိမ်ကိုပဲ တန်းမောင်းပေးရမလား"

အမေးစကားထပ်ထွက်လာတာကြောင့် ဘယ်အချိန်ရှိပြီလဲ သိလိုတာကြောင့် နာရီကို တစ်ချက်ပြန်ကြည့်ရသည်။

ငါးနာရီစွန်းစွန်းကိုသာ ပြနေတဲ့နာရီကြောင့်

"အချိန်တော့ရသေးတယ် ကိုယ်တို့ စာအုပ်ဆိုင်ကို ခနဝင်ကြမယ်လေ"

ဒီရက်ပိုင်း သူ ခနခန သွားဖြစ်နေတဲ့ နေရာတွေထဲက တစ်ခု။ စာအုပ်တွေအပြင် စာရေးကိရိယာတွေသာမက အခုခေတ်လူငယ်တွေ ကြားထဲမှာ ခေတ်စားနေသည့် Album မျိုးတွေကိုပါ တွဲရောင်းတဲ့ဆိုင် ဖြစ်တာကြောင့် လူစည်ကားလှသည်။ သို့သော် စည်းစနစ်ကျကျနဲ့။

စစချင်းလာဖူးတဲ့နေ့ကတည်းကပင် Cashier က ကောင်မလေးရဲ့ အကြံပေးချက်ကြောင့် Member Card ပင် သူ လုပ်ထားလိုက်မိသေးသည်လေ။

ဆိုင်ရှေ့ကားရပ်လိုက်သည်နှင့် သူ ကားပေါ်မှ ဆင်းလိုက်ကာ ယွီပင်းကို အေးအေးဆေးဆေးမှ ပြန်လာရန်မှာလိုက်မိသည်။ စာအုပ်ဆိုင်ဆိုရင် အချိန်အကြာကြီးနေတတ်သည့် သူ့အကျင့်ကို သူ သိတာကြောင့် သတိပေးလိုက်ခြင်းပင်။

မျက်နှာသိနေပြီဖြစ်တဲ့ ကောင်မလေးက အသိအမှတ်ပြုသလို တစ်ချက်ပြုံးပြလာတာကြောင့် သူလည်း ပြုံးပြလိုက်မိသည်။

ထူးခြားသည်က ဒီနေ့ စာအုပ်ဆိုင်ရဲ့ အပြင်အဆင်ပင်။

နေရာတကာမှာ ဝမ်ရိပေါ်နဲ့ပတ်သက်တဲ့ ပုံတွေချည်း။

You've reached the end of published parts.

⏰ Last updated: Oct 18, 2020 ⏰

Add this story to your Library to get notified about new parts!

UncoverWhere stories live. Discover now