Part(8) U

99 12 3
                                    

ဟိုတစ်ကွက် သည်တစ်ကွက် ကျနေတဲ့နေရောင်ကြောင့် သူ မျက်နှာကို လက်ဖြင့် အုပ်ထားလိုက်မိသည်။

သူ ညက မအိပ်ခင် လိုက်ကာများ ဖွင့်ထားခဲ့မိသေးသည်လား?

တဖြည်းဖြည်းပျောက်ကွယ်သွားတဲ့ အလင်းရောင် စူးစူး။ နေလို့ကောင်းလိုက်တာ။ ဆက်အိပ်ဖို့ အဆင်ပြေသွားပြီဘဲ။

ခေါင်းအောက် လက်ထိုးထည့်ရင်း ဆက်အိပ်ဖို့ပြင်လိုက်မိပြန်သည်။ ဒီလောက်အထိ နှစ်နှစ်ခြိုက်ခြိုက်အိပ်ချင်စိတ် သူ့ဆီမှာ
ဖြစ်မလာခဲ့သည်က အတော်ကြာပြီမဟုတ်လား။
ဖြစ်မလာခဲ့....ဆို...ဆို

လူကသာအိပ်ချင်စိတ်ကြီးစိုးပြီး ဆက်အိပ်ဖို့သာ ပြင်နေမိပေမယ့် အစိုးမရတဲ့ စိတ်ကတော့ အငြိမ်မနေချေ။ ဒီလောက် နှစ်နှစ်ခြိုက်ခြိုက်အိပ်ချင်နေတာ မနေ့ညက သူ အိပ်ဆေးဘယ်လောက်များများ သောက်ခဲ့မိတာပါလိမ့်?

အိပ်ဆေး...အိပ်ဆေး... ဆိုမှ သူ မနေ့ညက အိပ်ဆေးသောက်ဖို့သတိမရခဲ့ပေ။ သူ သီချင်းဆိုပြရင်း အိပ်ပျော်သွားခဲ့သည်။ တစ်စုံတစ်ယောက်ကို...

အဲ့ဒီ့ တစ်စုံတစ်ယောက်က...

တွေးမိလိုက်တဲ့အတွေးကို အတည်ပြုလိုတာကြောင့် မျက်လုံးကို တန်းဖွင့်ကြည့်လိုက်မိသည်။

ဒါက ဘယ်လို အခြေအနေကြီးလဲ။

နေရောင်ထိုးကျနေသည့် သူ့မျက်နှာတည့်တည့်ဆီမှာ ကာထားပေးတဲ့ လက်တစ်စုံ။

"နိုးပြီလား ရိပေါ်"

ချိုသာတဲ့ အပြုံးတစ်ခုနဲ့အတူ နူးညံ့တဲ့ နှုတ်ခွန်းဆက်သံက အိပ်ယာထဲမှာ ဆက်ပြီး အိပ်နေဖို့ တွန်းအားပေးနေသယောင်။ ဒါအိမ်မက်များလား?

ဆတ်ခနဲမျက်လုံးဖွင့်ကြည့်လာပြီးနောက် ပြန်လည်မှိတ်ကျသွားသည့် မျက်ဝန်းတစ်စုံ။နှိုးနေသည့် လူမှာပင် ဆက်ပဲနှိုးရမည်လား ထပ်ပြီးပြန်အိပ်ခိုင်းလိုက်ရမလား မသဲကွဲတော့။

သို့သော် ဆက်အိပ်နေသည်ကိုစောင့်လျှင် တောင်အောက်ကို ဆင်းသည့်အခါ နေပူနေတော့မည်။ ဒီအချိန်နှိုးမှသာ တည်းခိုသည့်နေရာကို အချိန်မှီ ပြန်ရောက်နိုင်မည် မဟုတ်လား။ဘယ်လိုပဲ တောင်အဆင်းဆိုပေမယ့်ပေါ့။

UncoverWhere stories live. Discover now