Yibo ပထမဆုံးကျောင်းပြောင်းလာတဲ့နေ့ ။
အထက်တန်းကျောင်း နောက်ဆုံးနှစ်ကိုရောက်လာပြီ။
အရင်ကတတ်ခဲ့ဖူးတဲ့ ကျောင်းတွေနဲ့တော့မတူ ကွဲပြားနေသည်။
ကျောင်းကြီးက လူကုံထံကျောင်းပီပီ ကြီးကျယ်ခမ်းနားလွန်းသည်။
ကျောင်းတွင်ရှိသမျှ ကျောင်းသားတိုင်းကလဲ အိမ်တော်တွေကလာတဲ့ကျောင်းသားတွေသာဖြစ်သည်။
ဆရာဆရာမများကလဲ နိုင်ငံတကာအဆင့်မှီ လက်မှတ်ပိုင်ရှင်များသာဖြစ်သည်။
Yiboကျောင်းထဲကို စဝင်လိုက်သည်နှင့် မိမိစရမည့် လက်စားချေခြင်း တစ်နည်းအားဖြင့် အပြစ်ပေးခြင်းအတွက်သာ အာရုံထားသည်။
ဘယ်အရာက ဘယ်လောက်ခမ်းနားနေသည်ကို ကြည့်ဖို စိတ်ထဲမရှိသလို စိတ်လဲမဝင်စားပေ။
ငယ်ငယ်ထဲ မိဘမဲ့ကျောင်းမှာ အတူကြီးပြင်းခဲ့ရတဲ့
ညီမလေးအတွက် တတ်နိုင်သမျှ လက်တုန့်ပြန်ဖို့သာစိတ်ထဲမှာရှိနေသည်။လူတကာက ဝိုင်းချစ်ကြလို့ သူတစ်ပါးရဲ့ နှလုံးသားကိုတန်ဖိုးမထားတတ်တဲ့မင်းကို သေချာပေါက်ငါအပြစ်ပေးမယ်။ မင်းဘာသာ ဘယ်လိုသခင်လေးဖြစ်ဖြစ် ငါလက်ထဲမှာ အပြစ်သားပဲဖြစ်နေစေရမယ်။
မင်းရဲ့ရင်ထဲကို မင်းခွင့်ပြုချက်မပါပဲ တစ်လှမ်းချင်းအနက်ရှိုင်းဆုံးထိငါဝင်သွားမှာ။ မင်းကိုယ်တိုင်တောင် ပြန်နှင်ထုတ်လို့မရတော့တဲ့ နက်ရှိုင်းတဲ့တစ်နေရာရောက်ရင် မင်းနှလုံးသား တစ်စစီဖြစ်သွားအောင် ငါနင်းခြေပြမယ်။ ဒါမင်းအတွက်ငါ့ရင်ထဲကစစ်ကြေငြာသံပဲ
Xiao Zhan။Yibo မိမိတတ်ရမည့်အခန်းရှေ့ရောက်သည်အထိ ရင်ထဲကနာကြည်းချက်များကို ဟစ်ကြွေးနေမိသည်။
***
Xiao Zhan ပျော်ပျော်ရွှင်ရွှင် တတ်တတ်ကြွကြွမရှိတာ ၄နှစ်ကျော်ကြာပြီဖြစ်သည်။ ၄နှစ်တာအတွင်းလဲ အပြစ်သားလို ရှင်သန်နေခဲ့သည်။
ပင်ကိုယ်စရိုက်ကိုက အားလုံးအပေါ်အကောင်းဆုံးဆက်ဆံတတ်တာမလို့ အပြုံးမပါရင်တောင် အနုညံ့ဆုံး ဆက်ဆံပေးတတ်သည်။

YOU ARE READING
From hate to love(completed)
Fanfictionအရမ်းမုန်းတဲ့သူတစ်ယောက်ကို ချစ်ချင်ယောင်ဆောင်ရတာ ပင်ပန်းတယ် အဲ့ဒါထပ်ပိုပင်ပန်းတာက သူ့ကိုတကယ်မချစ်မိအောင်တားစီးနေရတာပဲ။ ။ အရမ်းမုန်းတဲ့သူတစ်ယောက်ကို ချစ်ချင်ယောင်ဆောင်ရတာ ပင်ပန်းတယ် အဲ့ဒါထပ်ပိုပင်ပန်းတာက သူ့ကိုတကယ်မချစ်မိအောင်တားစီးနေရတာပဲ။ ။