"ပြောပါ အိမ်တော်ထိန်း Yu"
"မနေ့က ပစ္စည်းတွေသွားယူတော့ သခင်ကြီးနဲ့ သခင်မက မှာလိုက်ပါတယ် "
"ကောင်းတာတော့မဟုတ်ဘူးမလား မျော်လင့်ထားပါတယ်ပြောပါ"
အိမ်တော်ထိန်း Yu Xiao Zhan ကိုတစ်ချက်မော့ကြည့်လိုက်ပြီး ခေါင်းပြန်ငုံ့သွားသည်။
"သခင်လေးနဲ့ Xiao အိမ်တော်မှာ ပတ်သတ်မှုမရှိတော့ပါဘူးတဲ့ ဘာအမွေမှလဲ မပေးပါဘူးတဲ့"
Xiao Zhan ဘာမှမခံစားပါ ။ ပြုံးပြီးသာ ခေါင်းငြိမ့်လိုက်သည်။
"ဘာများ ထူးသွားမှာမလို့လဲ "
အိမ်တော်ထိန်း Yu ဘာမှမပြောပဲ ငြိမ်နေလိုက်သည်။
***
Yibo လူကသာအလုပ်မှာရှိနေပေမဲ့ စိတ်က အိမ်မှာ။
မနက်ကမြင်ခဲ့တဲ့ လက်ဖဝါးနုနုက ပတ်တီးဖြူဖြူလေး ဆီကိုသာ ရောက်နေသည်။
သူအဆင်ပြေပါ့မလား မနက်ကသွေးတွေအများကြီးပဲ။ ဒီတိုင်းပဲထားလို့ဖြစ်ပါ့မလား ဆေးခန်းသွားရမယ်ထင်တယ်။
"ကောကောရေ Tian ပြောတာကြားရဲ့လား ဘာတွေစဉ်းစားနေတာလဲ"
Tian အော်လိုက်မှ Yiboလွင့်နေတဲ့ စိတ်တွေ ပြန်ရောက်လာသည်။
"အမ် အင်း"
မနက်က မနက်စာကို ဇွတ်ကျွေးခိုင်းနေပေမဲ့ အစည်းဝေးနဲ့မလို့ မကျွေးနိုင်တာကြောင့် နေ့လည်ပြန်ရောက်လာသည်။
"အင်းဆို ပြော Tian ဘာပြောတာလဲ "
"နေ့လည်စာစားဖို့မဟုတ်လား"
Yibo ရမ်းဖြေလိုက်သည်။
"မှားတယ် မှားတယ် မဖြစ်သေးပါဘူး နောက်ဆို Tian ပြောတာကို နားမထောင်ရင် အပြစ်ပေးရမယ်
ဒါမှ ကောကော အာရုံတွေအကုန် Tian နားမှာရှိမှာ ""ဘာလဲ ဒါဆို"
"Tian ကိုပွဲတစ်ပွဲ ဖိတ်ခံထားရတယ် အဲ့ဒါ ကောကောနဲ့ တူတူတတ်ချင်လို့ "
"ကိုယ်မအားဘူး "
Yibo ငြင်းလိုက်တော့ Tianက အနားပိုကပ်လာကာ အလုပ်စားပွဲပေါ်ဝင်ထိုင်ပြီး
YOU ARE READING
From hate to love(completed)
Fanfictionအရမ်းမုန်းတဲ့သူတစ်ယောက်ကို ချစ်ချင်ယောင်ဆောင်ရတာ ပင်ပန်းတယ် အဲ့ဒါထပ်ပိုပင်ပန်းတာက သူ့ကိုတကယ်မချစ်မိအောင်တားစီးနေရတာပဲ။ ။ အရမ်းမုန်းတဲ့သူတစ်ယောက်ကို ချစ်ချင်ယောင်ဆောင်ရတာ ပင်ပန်းတယ် အဲ့ဒါထပ်ပိုပင်ပန်းတာက သူ့ကိုတကယ်မချစ်မိအောင်တားစီးနေရတာပဲ။ ။