"သခင်လေး "
Xiao Zhan , Yiboကို လှုပ်နှိုးရင်းခြေမကိုင်မိလက်မကိုင်မိဖြစ်နေစဉ်ရောက်လာသူက အိမ်တော်ထိန်းMo။
"အိမ် အိမ်တော်ထိန်းMo မောင် မောင်ဘာဖြစ်တာလဲ မသိဘူး ကယ်ပါဦး "
ဟိုစမ်းဒီစမ်းနဲ့ အကူညီတောင်းနေတဲ့ Xiao Zhanကိုမြင်တော့ အိမ်တော်ထိန်းMoအင်မတန်စိတ်မကောင်းဖြစ်ရပါသည်။
Xiao Zhan ရင်ခွင်ထဲက Yiboကို ပွေ့ချီလိုက်ပြီး အနောက်မှလူတစ်ယောက်အား Xiao Zhanကို တွဲပေးရန်အချက်ပြလိုက်သည်။
Yiboကို ကားထဲထည့်ပြီးတော့ ငူငူကြီးရပ်နေတဲ့ Chou Chengကို စူးစူးဝါးဝါးကြည့်ပြီး Xiao Zhanကိုပါ ခေါ်ရင်း ဆေးရုံသို့ထွက်လာခဲ့သည်။
ဆေးရုံရောက်တော့လည်း စမ်းတဝါးဝါးနဲ့ Yiboကို လိုက်စမ်းနေပြန်တဲ့ Xiao Zhanက သူ့ကိုယ်သူထက် Yiboကို ပိုချစ်သည်မှာ ပြောစရာမလို။
"သခင်လေး အရမ်းစိတ်မပူပါနဲ့ သခင်လေးYiboက အားနည်းလို့လဲသွားရုံပါ"
ဆရာဝန်ကYiboကို ဆေးသွင်းပေးနေတုန်း အိမ်တော်ထိန်းMo ဆောက်တည်ရာမရဖြစ်နေတဲ့ Xiao Zhanကို လှမ်းပြောလိုက်ခြင်းဖြစ်သည်။
"ဘာမှစိတ်ပူစရာမရှိပါဘူး မကြာခင်နိုးလာပါလေ့မယ် ဒီတစ်ညတော့ ဆေးရုံမှာနားလိုက်ပါ"
ဆရာဝန်ကပြောပြီးထွက်သွားမှ အိမ်တော်ထိန်းMoပါလိုက်သွားလေသည်။ အခန်းထဲတွင် Xiao Zhanနှင့် Yiboသာ ကျန်ခဲ့သည်။
အိမ်တော်ထိန်းMoနေရာချပေးခဲ့သော ခုံပေါ်မှထကာ လက်နှင့် စမ်းရင်း Yiboရှိရာကုတင်ဆီသို့ Xiao Zhanလျှောက်လာလိုက်သည်။
ခြေထောက်နှင့် ကုတင်စောင်းတိုက်မိတော့ နာကျင်မှုက အရိုးထဲထိစစ်ခနဲ့ ။ Xiao Zhan လျစ်လျူရှု့ရင်းဆက်လျှောက်လာလေသည်။
နောက်ဆုံးတော့ ရှာတွေ့ပါပြီ ချစ်ရသူရဲ့ လက်နွေးနွေးလေး ။ လက်ကလေးကိုအသာဆုပ်ကိုင်ရင်း ကုတင်ဘေးနားဒူးထောက်ချလိုက်သည်။ မျက်စိသာမြင်ရမယ်ဆိုရင်တော့ ဘေးနားက ခုံလေးမှာထိုင်မိမှာပေါ့။
လက်ကလေးကို ဖွဖွပွတ်ရင်း မျက်ရည်တွေကကျလာပြန်သည်။
"အားပျက်ပြီးလဲကျတဲ့ အထိဘာတွေများလုပ်နေခဲ့တာလဲဟင် အင့် ဒီလိုပင်ပန်းရတာလည်း Zhan Zhanကြောင့်ပဲမဟုတ်လား အခုလို Zhan Zhanလက်ထဲမှာ လဲကျသွားတာတောင် Zhan Zhanဘာမှမလုပ်နိုင်ခဲ့ဘူး ဟင့်
ပြဿနာတွေကလွဲရင် မောင်အပေါ်ပေးနိုင်တာ ဘာမှမရှိခဲ့ဘူး တောင်းပန်ပါတယ် တောင်းပန်တယ်ဆိုတာထက်ကို ပိုပြီးတောင်းပန်ပါတယ် အီးဟီး... တကယ်တောင်းပန်ပါတယ်..."

ESTÁS LEYENDO
From hate to love(completed)
Fanficအရမ်းမုန်းတဲ့သူတစ်ယောက်ကို ချစ်ချင်ယောင်ဆောင်ရတာ ပင်ပန်းတယ် အဲ့ဒါထပ်ပိုပင်ပန်းတာက သူ့ကိုတကယ်မချစ်မိအောင်တားစီးနေရတာပဲ။ ။ အရမ်းမုန်းတဲ့သူတစ်ယောက်ကို ချစ်ချင်ယောင်ဆောင်ရတာ ပင်ပန်းတယ် အဲ့ဒါထပ်ပိုပင်ပန်းတာက သူ့ကိုတကယ်မချစ်မိအောင်တားစီးနေရတာပဲ။ ။