💔22❤️

8.8K 624 68
                                    

Yibo ဘယ်သူ့စကားမှလည်းနားမထောင်သလို
ဘာမှလည်းမပြောတော့ပေ။

Xiao Zhan ဖြစ်ခဲ့တဲ့ ကားမှောက်မှုအကြောင်းကိုလည်း ဘယ်လိုပြောပြော နားမထောင်ခဲ့ပေ။

အိမ်တော်ထိန်းMoက ပြောပြစရာရှိကြောင်းပြောပေမဲ့
ဒီအချိန်မှာ အကြားချင်ဆုံးက Xiao Zhan အသံပဲ
မလို့ ဘာမှနားမထောင်ချင်ခဲ့ပါ။

Xiao အိမ်တော်ကို အကြောင်းကြားခဲ့ပေမဲ့လည်း တုန့်ပြန်ပုံက နာကျင်ဖွယ်ရာ။

ဒီသီတင်းကို ဘယ်ကိုမှမပေါက်ကြားအောင်လည်း ထိန်းချုပ်ထားခဲ့ရသည်။

ကိစ္စအဝဝကို အိမ်တော်ထိန်းMoကသာ ဆောင်ရွက်နေပြီး နေ့တိုင်းအားတယ်မရှိ။

အိမ်တော်ထိန်းYuကတော့ Yiboနှင့်ထူးမခြားနားပင်။ တမှိုင်မှိုင် တတွေတွေနဲ့ ကျန်းမာရေးပါ မကောင်းချင်တော့ပါ။

အမှန်တကယ်တော့ မီးလောင်ပေါက်ကွဲသွားတဲ့ကားထဲမှာ ဘာ အလောင်းမှမတွေ့ခဲ့ရပါ။

မီးအားကပြင်းပေမဲ့ လူတစ်ယောက်လုံးအစအနမကျန်အောင်ပျောက်သွားစရာအကြောင်းမရှိ။

သက်ဆိုင်ရာ စစ်ဆေးသူများကလည်း လူမပါကြောင်းသာ အတည်ပြုပေးကြသည်။

ထိုအကြောင်းကို အိမ်တော်ထိန်းMoသိပေမဲ့ မပြောပြခဲ့။

Yiboကို ပြောဖို့ကြိုးစားသေးပေမဲ့ အပြောမခံတာမလို့ မပြောခဲ့ရပေ။ နောက်မှ ကားထဲမှာမရှိတာနဲ့ပဲ အသက်ရှင်ပါမယ်လို့ ယုံကြည်လို့မရတာကြောင့် မပြောဖို့ဆုံးဖြတ်ပြီး တိတ်တဆိတ်ရှာဖွေနေမိသည်။

အခုကိုမျှော်လင့်ချက်မဲ့နေတာတောင် ဇွတ်မျှော်လင့်နေရင် ဒီကိစ္စကိုသိရင် မျှော်လင့်ချက်က ပိုခိုင်မာလာနိုင်သည်။ ခိုင်မာနေတဲ့မျှော်လင့်ချက်ကို ရိုက်ချိုးနိုင်တဲ့အဖြေမျိုးပါထွက်လာရင် Yibo ရူးမည်မဟုတ်လား။

***

ရက်၁၀၀ ရက်၁၀၀ ပြည့်ပြီ  .........

ဒါပေမဲ့ မောင်စောင့်နေဆဲပဲ Zhan Zhan
မင်းပြန်လာရမယ်လေ။

မင်းကိုသိပ်ချစ်ခံရတဲ့လူတန်းစားလို့ထင်ခဲ့တာ။

မင်းမိသားစုက မင်းတစ်ယောက်လုံးပျောက်နေတယ်လို့
ပြောတာတောင် တစ်ချက်လာမကြည့်ကြဘူး။

From hate to love(completed)Où les histoires vivent. Découvrez maintenant