💔23❤️

7.9K 561 44
                                    

Xiao Zhan နိုးနိုးလာချင်း ခေါင်းကထိုးကိုင်နေတာမလို့ မျက်လုံးတောင်မဖွင့်နိုင်သေးပဲ ငြိမ်နေခဲ့သည်။ ဘေးနားက စာရွက်လှန်သံလို့ထင်ရတဲ့အသံကို ကြားနေရသည်။

ခေါင်းကိုက်တာအနည်းငယ် သက်သာသွားမှ မျက်လုံးကိုဖြေးဖြေးချင်းဖွင့်လိုက်သည်။ အခန်းတစ်ခုလုံးဘာမှမမြင်ရလောက်အောင်မှောင်မဲနေလေသည်။ Xiao Zhan ခနငြိမ်နေလိုက်ပြီးမှ အသံပြုလိုက်သည်။

"မောင် Yibo မောင်ရှိလားဟင်"

အသံက အားမပါတာမလို့ တိုးတိုးလေးသာ။

"Zhan Zhan "

သူ့နာမည်ကိုခေါ်လိုက်တဲ့အသံက Yibo အသံမဟုတ်မှန်း Xiao Zhan သိလိုက်ပါသည်။ အသံကဘေးနားကလာနေပေမဲ့ ခေါ်နေတဲ့သူကိုမမြင်မိပေ။

"Zhan Zhan နိုးလာပြီလား ကောလေ ကောကိုမှတ်မိလား"

Chou Cheng မေးလိုက်ပြီးမှ တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ပြန်တိတ်သွားသည်။

သေချာနားထောင်ကြည့်မှ အသံက Chou Cheng အသံမှန်းသိလိုက်သည်။

အခုမှ Xiao Zhan အခန်းကမှောင်နေတာမဟုတ်ပဲ သူ့မျက်လုံးက ပုံမှန်မဟုတ်တာကို သတိထားမိသွားသည်။

အသံလာရာဘက်ကို လက်လှမ်းရင်း Chou Chengကို လိုက်စမ်းနေမိသည်။ Chou Chengက ချက်ချင်းပင် လက်ကိုဆုပ်ကိုင်ထားလိုက်သည်။

"ကော Zhan Zhan ဘာမှမမြင်ရဘူးကော ကယ်ပါဦး"

"စိတ်အေးအေးထားပါ Zhan Zhanရာယ် ကောရှိတယ်နော် "

Xiao Zhan ကြောက်တာရော ဝမ်းနည်းတာရောမလို့ မျက်ရည်များ စီးကျလာသည်။

"Yi Yiboရော ကော Yiboရော"

"သူမရှိဘူး Zhan Zhan အရင်ဆုံး ဆရာဝန်ကိုခေါ်ရမယ် အရေးမကြီးတာတွေမမေးနဲ့ "

Chou Cheng အသံက အေးစက်ပြက်သားနေတာမလို့ Xiao Zhan ငြိမ်နေလိုက်ရသည်။

"ကော Zhan Zhan မျက်လုံးတွေက ..."

"အရမ်းစိတ်မပူနဲ့ ပြန်ကောင်းမှာပါ "

ဆရာဝန်လာကြည့်ပြီး Xiao Zhanကို ဆေးတိုက်ကာ အိပ်ခိုင်းထားလိုက်သည်။

Chou Cheng အပြင်ထွက်လာပြီးမှ တံခါးကိုမှီကာ သက်ပြင်းချမိသည်။

From hate to love(completed)Where stories live. Discover now