"ကော မတွေ့တာကြာပြီ"
"ဟုတ်တယ် Zhan Zhan မင်္ဂလာပွဲပြီးထဲကပဲ"
Chou Cheng ပြောရင်း Xiao Zhan ခေါင်းကို ပုတ်လိုက်သည်။
"ဘာမှမသောက်ဘူးလား တစ်ခုခုသောက်လေ"
Chou Chengပြောရင်း အနားကဖြတ်သွားသော waiterရဲ့ လက်ထဲက ဝိုင်ခွက်နှစ်ခွက်ကိုယူလိုက်သည်။
Xiao Zhan ပုံစံက ရွှင်ရွှင်လန်းလန်းမရှိတာကို သတိထားမိပေမဲ့ မမေးဖြစ် ။ မသိသင့်တာလဲ ရှိရင်ရှိနိုင်မည်မဟုတ်လား။
Xiao Zhanဆီကို ဝိုင်ခွက် တစ်ခွက်ကိုကမ်းပေးလိုက်သည်။
"အာ... ဟုတ် ကော"
Xiao Zhan လှမ်းယူတော့ လက်က ပတ်တီးအဖွေးသားကို Chou Cheng မြင်သွားတော့သည်။
ချက်ချင်းဝိုင်ခွက်တွေ ဘေးချကာ Xiao Zhanလက်ကို ဖွဖွလေး လှမ်းကိုင်လိုက်တဲ့ Chou Cheng
"လက် ကဘာဖြစ်တာလဲ Zhan Zhan"
အခြေနေအရပ်ရပ်ကို စိုက်ကြည့်ရင်း ဒေါသထွက်နေသူကတော့ Yiboပင်။
ဘေးက ဂျီကျနေသော Tianရဲ့ စကားတွေကိုပင် နားထဲ မကြားမိတော့ ...
"အာ ဘာမှမဖြစ်ပါဘူး အပေါ်ရံလေးပဲ ရှသွားရုံပါ"
"အပေါ်ရံလေးက ပတ်တီးစည်းရတဲ့ထိလား Zhan Zhan"
Chou Cheng ပြောရင်း Yiboကို မကြည်သော မျက်လုံးဖြင့်လှည့်ကြည့်လိုက်သည်။
Yibo လက်ကို အားရပါးရတွဲထားသော Tian လက်ကိုမြင်တော့ မဲ့ပြုံးပြုံးလိုက်ကာ
"လာ Zhan Zhan ဟိုဘက်သွားရအောင် "
Chou Cheng Xiao Zhan လက်ကိုဆွဲကာ ခေါ်သွားတော့သည်။
Xiao Zhanလည်း Yibo လက်ကိုတွဲထားတဲ့ Tianလက်ကိုသာ မှိုင်ထွေထွေကြည့်ရင်း ပါသွားလေသည်။
Yibo ကတော့ လိုက်သွားရကောင်းလားဆိုတဲ့ အကြည့်နဲ့ လက်သီးကို တင်းနေအောင် ဆုပ်ထားမိသည်။
"ဟင် ကောကောယောက်ျားကြီးကလဲ ကိုယ့်လူကိုထားပြီး ခေါ်တဲ့သူနောက်လိုက်တာပဲနော်"
Tianက နှာခေါင်းတရှုံ့ရှုံ့လုပ်ရင်း Xiao Zhanကို ကဲ့ရဲ့နေလေသည်။
Yibo အထွက်တော့ Tianစကားက လောင်နေသော မီးတောက်ထဲ လောင်စာထပ်ထည့်လိုက်သလိုပင်။
YOU ARE READING
From hate to love(completed)
Fanfictionအရမ်းမုန်းတဲ့သူတစ်ယောက်ကို ချစ်ချင်ယောင်ဆောင်ရတာ ပင်ပန်းတယ် အဲ့ဒါထပ်ပိုပင်ပန်းတာက သူ့ကိုတကယ်မချစ်မိအောင်တားစီးနေရတာပဲ။ ။ အရမ်းမုန်းတဲ့သူတစ်ယောက်ကို ချစ်ချင်ယောင်ဆောင်ရတာ ပင်ပန်းတယ် အဲ့ဒါထပ်ပိုပင်ပန်းတာက သူ့ကိုတကယ်မချစ်မိအောင်တားစီးနေရတာပဲ။ ။