"အိမ်တော်ထိန်းMo ဘိုးဘိုးရဲ့ရှေ့နေလိပ်စာကို သိတယ်မဟုတ်လား"
"ဟုတ်ကဲ့ သခင်လေး"
"ကျွန်တော်သူနဲ့သွားတွေ့ချင်တယ်"
"သခင်လေးရဲ့ လက်ရှိရှေ့နေနဲ့ အရင်တိုင်ပင်ရင်မကောင်းဘူးလား"
"သူအခုနေမကောင်းဘူးမဟုတ်လား အလုပ်မရှုပ်စေချင်ဘူး ဘိုးဘိုး ရှေ့နေနား အရင်သွားမယ်"
***
ဧည်ခန်းတစ်ခုအတွင်း ချောမောခန့်ညားသော လူငယ်တစ်ဦးနှင့် လာရင်းကိစ္စကို သိသော်ငြား မသိဟန်ဆောင်နေသော အသက်၅၀အရွယ် ရှေ့နေတစ်ယောက်ရှိသည်။
"မတွေ့တာကြာပြီပဲ Wangသခင်လေး"
"ဟုတ်ကဲ့ ရှေ့နေကြီး ကျွန်တော် ဘိုးဘိုးရဲ့ သေတမ်းစာကိုလိုချင်လို့ပါ"
"အို ...ဘာအကြောင်းကြောင့်များလဲ"
သိရန်မလိုအပ်ဟု ထင်တာကြောင့် Yiboမပြောပဲ မုသားဆိုလိုက်သည်။
"သြော် ဘိုးဘိုးရဲ့ အမှတ်တရအဖြစ်သိမ်းထားချင်လို့ပါ"
လက်ရှိမှာ ရှေ့နေပြောင်းသွားပြီဖြစ်၍ ယူထားသင့်သည်ထင်တာကြောင့် Yiboဤသို့ဆိုလိုက်ခြင်းပင်။
"အဲ့ဒါမှ ဒုက္ခပဲ သခင်ကြီးနဲ့ အလုပ်မလုပ်တော့တည်းက သူနဲ့ပတ်သက်တာတွေ မသိမ်းထားမိတော့ဘူး"
Yibo မျက်ခုံးနှစ်ခု တွန့်ချိုးလိုက်မိသည်။ ဒါမိသားစုရှေ့နေတဲ့လား။
"ပြန်ရှာကြည့်ပါဦး ကျွန်တော်အတွက်အရေးကြီးလို့ပါ"
ဒီအချိန်ဆို ပြာမှုန့်လေးတွေအဖြစ်ရှိနေမှာပေါ့ ကောင်လေးရာ။ရှေ့နေက အဓိပ္ပါယ်ပါပါပြုံးပြပြီး
"ကောင်းပါပြီ တွေ့မိရင် ဆက်သွယ်လိုက်ပါ့မယ်"
***
ဟူးးးးးးးးးးး
ခုတင်ပေါ်ကို လျော့ရဲစွာ ထိုင်ချပြီး Necktieကို ဖြေချကာ သက်ပြင်းအရှည်ကြီးကိုချလိုက်တဲ့ Yiboနား Xiao Zhan သွားလိုက်သည်။
"မောင် မျက်နှာလည်း မကောင်းဘူး အဆင်မပြေတာရှိလို့လား"
"ဟင် ဟင့်အင်း"
KAMU SEDANG MEMBACA
From hate to love(completed)
Fiksi Penggemarအရမ်းမုန်းတဲ့သူတစ်ယောက်ကို ချစ်ချင်ယောင်ဆောင်ရတာ ပင်ပန်းတယ် အဲ့ဒါထပ်ပိုပင်ပန်းတာက သူ့ကိုတကယ်မချစ်မိအောင်တားစီးနေရတာပဲ။ ။ အရမ်းမုန်းတဲ့သူတစ်ယောက်ကို ချစ်ချင်ယောင်ဆောင်ရတာ ပင်ပန်းတယ် အဲ့ဒါထပ်ပိုပင်ပန်းတာက သူ့ကိုတကယ်မချစ်မိအောင်တားစီးနေရတာပဲ။ ။