မြင်လိုက်ရသော Chou Chengရင်ခွင်ထဲက Xiao Zhanကြောင့် Yibo ဒေါသတွေထိန်းပင်မရလောက်အောင်ထွက်လာသည်။
အထဲဝင်သွားပြီး ပြဿနာရှာလိုက်ချင်ပေမဲ့ အရှုံ့ရှုံ့ငိုနေသော Xiao Zhanကိုကြည့်ကာ ဘာလုပ်ရမှန်းမသိအောင်စိတ်က ရှုပ်ထွေးလာတာမလို့ အောက်ထပ်ကိုသာ ပြန်ဆင်းလာလိုက်သည်။
ဆန်ပြုတ်လဲ အိမ်ကအလုပ်သမားတစ်ယောက်ကိုသာ သွားပို့စေလိုက်သည်။
မိမိကိုယ်တိုင်လဲ စိတ်တွေရှုပ်ထွေးနေတာမလို့ ကုမ္ပဏီကိုသာ သွားရန်ထွက်လာခဲ့လိုက်သည်။
ကုမ္ပဏီရောက်တော့ ကျေးဇူးရှင်လေး Fu Tianက အသင့်ရောက်နေပြီးသားပင်။
Yiboလဲ မျက်မှောင်ကုတ်ကာ Tianကို မကြည့်ပဲ နေရာမှာသာ ဝင်ထိုင်လိုက်သည်။
စိတ်ထဲတွင်လဲ သူဌေးရုံးခန်းကို ဝင်ချင်တိုင်းဝင်ခွင့်ပေးနေသော အတွင်းရေးမှူးကို အလုပ်ထုတ်ပစ်ရန်တွေးလိုက်မိသည်။
"ကောကော အိမ်မှာပြဿနာဖြစ်သေးလား"
"မသိလို့မေးတာလား"
"Tian က ပြဿနာဖြစ်စေချင်လို့ လုပ်လိုက်တာမဟုတ်ပါဘူး"
"မင်းပို့လိုက်တဲ့စာကြောင့် သူမူးလဲသွားတာ မင်းသိလား"
Yibo ပြောတော့ Tianက စိတ်ပူချင်ယောင်ဆောင်ထားသော မျက်နှာနှင့်အတူ ဝင်းလက်သွားသော မျက်လုံးများဖြင့် Yibo နားရောက်လာလေသည်။
"စာ စာကြောင့်ပဲ အဲ့လောက်ဖြစ်သွားမယ်မှန်း Tian မသိလို့ပါ Tian တောင်းပန်ပါတယ်နော်"
စာဆိုတော့ ကောကောက ပုံကိစ္စမသိသေးဘူးထင်တယ်။ မသိတာပိုကောင်းတာပေါ့ ငါရှင်းပြစရာတောင်မလိုဘူး။
Tian စိတ်ထဲက ပြောရင်း အောင်နိုင်သူအပြုံးဖြင့် ပြုံးနေလိုက်သည်။
"ငါစိတ်ရှုတ်နေတာမလို့ မင်းပြန်လို့ရပြီ နောက်ပြီး ကုမ္ပဏီကို အမြဲမလာနဲ့ အများအမြင်မှာမကောင်းဘူး"
Tian ကတော့ မျက်နှာငယ်နှင့် ခေါင်းငြိမ့်ပြကာ ထွက်သွားလေသည်။
Yibo မမြင်ရတဲ့ တစ်ဖက်မှာတော့ သိပ်ကျေနပ်နေတဲ့ အပြုံးနဲ့ပေါ့။

YOU ARE READING
From hate to love(completed)
Fanfictionအရမ်းမုန်းတဲ့သူတစ်ယောက်ကို ချစ်ချင်ယောင်ဆောင်ရတာ ပင်ပန်းတယ် အဲ့ဒါထပ်ပိုပင်ပန်းတာက သူ့ကိုတကယ်မချစ်မိအောင်တားစီးနေရတာပဲ။ ။ အရမ်းမုန်းတဲ့သူတစ်ယောက်ကို ချစ်ချင်ယောင်ဆောင်ရတာ ပင်ပန်းတယ် အဲ့ဒါထပ်ပိုပင်ပန်းတာက သူ့ကိုတကယ်မချစ်မိအောင်တားစီးနေရတာပဲ။ ။