"Zhan Zhan ရေ ကလေးလေး မောင်အလုပ်သွားတော့မယ်နော် "
"အွန်း စောစောပြန်ခဲ့နော်"
နဂိုတည်းက မသွားချင်တဲ့ Yiboမှာ Xiao Zhan စကားကြားတော့ သူ့နားကကိုမခွာချင်တော့တာအမှန်။
"မောင် သွားတောင်မသွားချင်ဘူး "
"မသွားလို့တော့ရဘူးလေ အရေးကြီးကိစ္စရှိလို့ခေါ်တာမလား သွားပါ ပြီးမှပြန်ခဲ့ နော် "
"ဟူးးးးးး အွန်း "
Yiboလေပူတွေမှုတ်ထုတ်ရင်းပြန်ဖြေလိုက်သည်။
Xiao Zhanနှဖူးပေါ်အနမ်းခြွေပြီး ကုမ္ပဏီသို့ထွက်လာခဲ့လေသည်။
***
Xiao Zhan မျက်စိမမြင်ရတာက တခြားအချိန် အခက်ခဲမရှိပေမဲ့ Yiboအနားမှာ ခနလေးမရှိတာနဲ့ သိသာလာသည်။
အိမ်တော်ထိန်းYuကလည်း သူ့အလုပ်နှင့်သူရှုပ်နေပြီး အိမ်တော်ထိန်းMoကလည်း Yiboနဲ့အတူကုမ္ပဏီကို ဦးစီးနေရသည်။ဧည့်ခန်းထဲမှာ ငြိမ်ငြိမ်ထိုင်နေရုံကလွဲရင် လုပ်စရာမရှိ။
လုပ်ချင်တာလည်းဘာမှ ကိုယ်တစ်ယောက်ထဲနဲ့မပြီးသလို ဘယ်အရာကိုမှလည်း စိတ်တိုင်းမကျ။
Fei Fei ပေးထားတဲ့ အရုပ်လေးကို ယူရန်ခုံနားကိုစမ်းရင်းသွားလိုက်သည်။ Yiboက Xiao Zhanအဆင်ပြေစေရန် ပစ္စည်းတွေကို နေရာတကျထားပေးထားသည်။
အရုပ်ကိုစမ်းမိတော့ လက်ထဲမရောက်ပဲ ကြမ်းပြင်ပေါ်ပြုတ်ကျကုန်သည်။ အရုပ်ကအပိုင်းအစတွေမလို့ သူ့အတွက် ပြန်စုကောက်ဖို့ရာမလွယ်ကူပေ။
စိတ်တိုင်းမကျတာရော ဝမ်းနည်းတာပါ စုပြီးမျက်ရည်ကကျလာတော့သည်။ တရှုံ့ရှုံ့ငိုရင်း အရုပ်များကို လိုက်စမ်းနေမိသည်။
အရုပ်တွေကိုလိုက်စမ်းနေတုန်း လက်ထဲကို အခြားတစ်ယောက်ကလာကောက်ထည့်ပေးလေသည်။
"အိမ်တော်ထိန်းYu?"
Xiao Zhan အထင်နှင့်ခေါ်လိုက်တော့ ပြန်ထူးမလာပဲ သူ့ကိုပခုံးနှစ်ဖက်ကနေအသာထိန်းကိုင်ရင်း ခုံပေါ်ထိုင်ခိုင်လေသည်။
"ဘယ်သူလဲ "
Xiao Zhan ကြောက်စိတ်တော့အနည်းငယ်ဝင်မိသည်။ သူဒီအချိန်မှာ ဘာမှပြန်မလုပ်နိုင်ဘူးမလား။
ESTÁS LEYENDO
From hate to love(completed)
Fanficအရမ်းမုန်းတဲ့သူတစ်ယောက်ကို ချစ်ချင်ယောင်ဆောင်ရတာ ပင်ပန်းတယ် အဲ့ဒါထပ်ပိုပင်ပန်းတာက သူ့ကိုတကယ်မချစ်မိအောင်တားစီးနေရတာပဲ။ ။ အရမ်းမုန်းတဲ့သူတစ်ယောက်ကို ချစ်ချင်ယောင်ဆောင်ရတာ ပင်ပန်းတယ် အဲ့ဒါထပ်ပိုပင်ပန်းတာက သူ့ကိုတကယ်မချစ်မိအောင်တားစီးနေရတာပဲ။ ။