💔24❤️

8.2K 580 50
                                        

"ကော Zhan Zhan မေးစရာရှိလို့ "

"အင်း မေးလေ "

မမြင်ရတဲ့မျက်ဝန်းလွှာတွေက တည်ငြိမ်လွန်းနေတာမလို့ မေးရခက်နေတာလား ၊ မမေးရဲတာလား ၊ ဘာသဘောမှမရှိတာလား ခွဲခြားရန်မလွယ်။

"Zhan Zhanတို့တကယ်ပဲ ကိုရီးယားမှာလား "

"ဘာလို့လဲ ဘာလို့အဲ့လိုမေးတာလဲ ကောကိုမယုံလို့လား "

"အဲ့လိုမဟုတ်ပါဘူး ခုနက လမ်းလျှောက်တုန်းက တရုတ်လိုပြောနေတဲ့အသံတွေကြားနေရတယ် "

"သြော် အဲ့ဒါ တရုတ်ဈေးလမ်းမလို့ပါ Zhan Zhan ရာယ် ဘာလဲ တရုတ်ပြည်ကိုလွမ်းနေပြီလား မကြာခင်ပြန်ရမှာပဲလေ နော် "

"ဟုတ် ကော "

Xiao Zhan နှုတ်ခမ်းလေးကွေးရုံပြုံးပြလိုက်သည်။

~ခုနက ကောင်မလေးက ကစားကွင်းလို့ပြောသွားတာမဟုတ်ဘူးလား ကောငါ့ကိုဘာတွေဖုံးကွယ်နေတာလဲ~

သူ့ကိုကြဟ့်ရင်း သက်ပြင်းအကြိမ်ကြိမ်ချနေတဲ့ Chou Chengရဲ့ သက်ပြင်းချသံတွေကိုတော့ သူမကြားမိပါ။

***

"အခုထိမတွေ့ကြသေးဘူးလား မတွေ့မချင်း နေရာအနှံ့ကိုလိုက်ရှာပါ "

အိမ်တော်ထိန်းMo အမိန့်ပေးလိုက်ပေးမဲ့ စိတ်ထဲမှာတော့ ရှာများမတွေ့ရင်ဆိုတဲ့ အတွေးကကြီးစိုးနေတော့သည်။

Yiboကတော့ မျှော်လင့်ချက်ကိုတင်းတင်းဆုပ်ကိုင်ထားပုံရသည်။ အလုပ်တွေလည်းပြန်ကြိုးစားသလို ကိုယ်တိုင်တောင်အားရင်အားသလိုထွက်ရှာနေသည်။

အစားအသောက်ပုံမှန်ပြန်စားလာပေမဲ့ အချိန်ပြည့်မနားမနေကြိုးစားနေတာကြောင့် ချောင်ကျနေတဲ့ မျက်နှာလေးက ပြန်ပြည့်မလာခဲ့။

အိမ်တော်ထိန်းYuဟာလည်း အကြောင်းစုံသိပြီးထဲက နေ့မအား ညမအားထွက်ရှာနေတော့သည်။

"ကျွန်တော် သွားပြီနော် "

အိမ်တော်ထိန်းMoတွေးနေရင်းပင် Yiboက ထွက်ရှာဖို့ အသင့်ဖြစ်နေပြန်သည်။ ကုမ္ပဏီက ပြန်ပြန်လာချင်းကိုမနားပဲ ချက်ချင်းထွက်ရှာဖို့လုပ်နေတဲ့သူ။

From hate to love(completed)Where stories live. Discover now