Yibo ဧည့်ခန်းထဲရောက်ရောက်ချင်း တွေ့ရသူက အမျိုးသားတစ်ဦး တစ်ကိုယ်လုံးလဲ အရမ်းကြီးမဟုတ်ရင်တောင် အသင့်အတင့်သားနားနေတာမလို့ ငွေကြေးပြည့်စုံသော အသိုင်းအဝိုင်းကဆိုတာသိသာသည်။ အပြောင်သိမ်းထားသော ဆံပင်နှင့်အတူ ယောက်ျားဆန်သော မျက်နှာကလဲ မဆိုးလှပေ။
"ဘာကိစ္စများရှိလို့လဲ"
Yibo မျက်နှာချင်းဆိုင်က ခုံတစ်ခုမှာ ဝင်ထိုင်ရင်း မေးမြန်းလိုက်ခြင်းဖြစ်သည်။
"အော် လာပြီလား မင်းက Wang Yiboပေါ့"
လာလာချင်း စကားပြော တင်စည်းနေသော လူကို မကျေနပ်တာမလို့ မျက်ခုံးများတွန့်ချိုးကာ သတိပေးသလိုကြည့်လိုက်မိသည်။
"ဟက် မကျေနပ်တာလား ဒါဆိုလဲ ငါ့ကိုယ်ငါအရင်မိတ်ဆက်ရတာပေါ့ ငါက Wang jichen ရဲ့မြေး Wang Hanပဲ"
သူ့ရဲ့မိတ်ဆက်စကားသံကြောင့် Yibo တစ်ချက်စဉ်စားပြီးမှ ထိုလူကို ရွံရှာသလိုကြည့်ရင်း
"အော် ဒါဆို မင်းဒီနေရာကို လာခွင့်မရှိဘူးထင်တယ်နော် "
"Why not ? ဟား ဟား မင်းသာဒီနေရာမှာရှိမနေသင့်တာ"
Yibo ဘာမှပြန်မပြောပဲထိုလူကိုသာ စိုက်ကြည့်နေလိုက်သည်။
"ဘာလဲ မရှင်းလို့လား ငါက မြေးအရင်းလေ မင်းလိုသွေးမတော်သားမစပ်တဲ့ မိဘမဲ့ကောင်မဟုတ်ဘူး"
Yibo ဒေါထွက်ပြီး Hanရဲ့ ကော်လံစကိုဆွဲကာ မျက်လုံးချင်းစစ်ထိုးလိုက်သည်။
"မင်းလူပါးဝလွန်းနေပြီ အခု ငါ့အိမ်ကထွက်သွား"
"အေးပါ လက်ရှိတော့ မင်းအိမ်ပေါ့"
"....."
Hanက Yibo လက်ကို ဖြုတ်ချလိုက်ပြီး Necktieကို ပြန်တည့်ကာ
"သေတမ်းစာက ရှေ့နေအရှေ့မှာမရေးတဲ့အပြင် သွေးသားမတော်တဲ့ကောင်အတွက်ဆိုတော့ မင်းနားလည်သင့်ပါတယ် "
"မင်းအခုထွက်သွားလိုက်တော့ "
Yibo မျက်နှာအလွန်တင်းမာနေပြီမလို့ Han က လှည့်ထွက်သွားရင်း တံခါးအရှေ့ရောက်မှ ခြေလှမ်းတွေကို ခနရပ်လိုက်ပြီး
CZYTASZ
From hate to love(completed)
Fanfictionအရမ်းမုန်းတဲ့သူတစ်ယောက်ကို ချစ်ချင်ယောင်ဆောင်ရတာ ပင်ပန်းတယ် အဲ့ဒါထပ်ပိုပင်ပန်းတာက သူ့ကိုတကယ်မချစ်မိအောင်တားစီးနေရတာပဲ။ ။ အရမ်းမုန်းတဲ့သူတစ်ယောက်ကို ချစ်ချင်ယောင်ဆောင်ရတာ ပင်ပန်းတယ် အဲ့ဒါထပ်ပိုပင်ပန်းတာက သူ့ကိုတကယ်မချစ်မိအောင်တားစီးနေရတာပဲ။ ။