💔18❤️

8.1K 554 31
                                    

"သခင်လေး သခင်ကြီးက ညစာစားဖို့ခေါ်ခိုင်းလိုက်လို့ပါ"

"ဟုတ်ကဲ့"

Yibo ရောက်လာထဲက အခန်းထဲကနေ ပထမဆုံး ထွက်ခြင်းဖြစ်သည်။

"ရောက်ပြီလား လာထိုင်"

Yibo Wang သခင်ကြီးရဲ့ ဘေးမှာ ကုတ်ကုတ်လေး ဝင်ထိုင်နေလိုက်သည်။

"Yibo စားလေ"

Yibo အနေခက်နေမှန်းသိတာကြောင့် Wang သခင်ကြီးက လှမ်းပြောလိုက်ခြင်းဖြစ်သည်။

Yibo မစားသေးပဲ အိမ်တော်ထိန်းMoကို မော့ကြည့်နေမလို့ သခင်ကြီးက ပြုံးရင်း

"သူတို့ကအတူမစားဘူးလေ နောက်မှစားမှာ"

"ဟုတ် သခင်ကြီး အော် ဘိုးဘိုး"

Yibo Wang အိမ်တော်ရဲ့ သခင်လေးဖြစ်တာ တစ်လပင်ပြည့်ခဲ့ပြီဖြစ်သည်။

ကျောင်းမှာတော့ အသိမပေးပဲ အရင်လို မိဘမဲ့လေးအဖြစ်သာ ဆက်တတ်ခဲ့သည်။

Wang သခင်ကြီးအတွက်လဲ မြေးအရင်းလိုကိုဖြစ်နေလေပြီ

Wang သခင်ကြီးမှာ သမီးတစ်ယောက်နဲ့ မြေးလည်းရှိနေကြောင်းသိရသည်။

သမီးဖြစ်သူက သဘောမတူတဲ့သူတစ်ယောက်နဲ့ယူတာကြောင့် အမွေဖြတ်ထားကြောင်းသိရသည်။

မြေးဖြစ်သူကလဲ ထိုကိစ္စကြောင့်ပင် Wang သခင်ကြီးနှင့် အဆင်မပြေပဲ သမက်ဖြစ်သူနှင့်လည်း စီးပွားပြိုင်ဖက်များဖြစ်နေပြီဖြစ်သည်။

ထိုအကြောင်းအရာများကိုလဲ အိမ်တော်ထိန်းMoသာပြောပြထားခြင်းဖြစ်ပြီး Wang သခင်ကြီးက သူတို့အကြောင်းကို အရှေ့မှာပြောရင်တောင် မကြိုက်ပေ။

သခင်ကြီးက Yiboကိုနိုင်ငံခြားမှာ ကျောင်းသွားတတ်ရန်ဆိုလာတုန်းက Yibo လက်မခံချင်သော်ငြားလက်ခံခဲ့သည်။

နိုင်ငံခြားမှာရှိနေချိန်အတွင်းလဲ Xiao Zhan အကြောင်းတွေကိုသာ စုံစမ်းနေခဲ့သည်။

အရင်ကသဘောကောင်းတဲ့ကောင်လေးဖြစ်ခဲ့ပေမဲ့ အခုချိန်မှာတော့ ဘယ်သူ့ကိုမှ အဖက်မလုပ်တဲ့ လူတစ်ယောက်သာ။

From hate to love(completed)Where stories live. Discover now