💔11❤️

9.7K 783 38
                                    

"ဘာ ဘာ ဘာလုပ်တာလဲ"

ထိုမိန်းကလေးရဲ့ လုပ်ရပ်ကြောင့် တစ်ဆိုင်လုံးမှာရှိတဲ့ လူတွေအားလုံးရဲ့ မျက်လုံးများက သူတို့နှစ်ယောက်ထံတွင်သာ။

"Zhanကောကော ညီမကို လက်ခံပါနော်"

"ထ ထပါ "

Xiao Zhan တစ်ကိုယ်လုံးပူထူလာသည် သူက ကလေးတစ်ယောက်လိုပဲ သဘောထားခဲ့တာ။

နောက်ပြီးသူ လိင်တူပဲ စိတ်ဝင်စားတာပါ။ ဘယ်သူ့ကိုမှမချစ်ခဲ့ဖူးပေမဲ့ ကိုယ့်အကြောင်းကိုယ်သာသိသည်မဟုတ်လား။

"ညီမ ကောကောကို တကယ်သဘောကျတာပါ"

"ငါ ငါတောင်းပန်ပါတယ် ငါငြင်းပါရစေ"

Xiao Zhan ဘယ်လိုမှ မဖြစ်နိုင်တာမလို့ အားနာစွာ အသံတိုးတိုးဖြင့်ငြင်းလိုက်သည်။

ထိုင်နေရာမှလည်း မတ်တပ်ရပ်ကာ ခါးကိုညွှန့်ကိုင်းရင်း အားနာကြောင်း ဖော်ပြလိုက်သည်။

Xiao Zhan အဖြေကိုကြားတော့ မျှော်လင့်ချက်တွေနဲ့ ထိုမိန်းကလေးရဲ့ မျက်နှာက မှောင်မိုက်ကာ ငိုက်ကျသွားသည်။

ငုံ့နေတဲ့ ကိုယ်လေး တသိမ့်သိမ့်တုန်လာတာမလို့ Xiao Zhan ထိုမိန်းကလေး ငိုနေမှန်း သတိထားမိလိုက်သည်။

"ဟင့် ကောကော ရက်စက်တယ် ကောကော ညီမကိုပြန်မချစ်နိုင်ပဲ ဘာလို့ မျှော်လင့်ချက်တွေပေးခဲ့တာလဲ"

Xiao Zhan ထိုမိန်းကလေးရဲ့ စကားတွေကို နားမလည်နိုင်စွာ ဖြင့် သူ့ကိုသာရပ်ကြည့်နေမိသည်။

"ဘာ ဘာလို့ ဟင့် ပန်းတွေပေးရတာလဲ ဘာလိုကြည့်နေရတာလဲ ဘာလို့ရီပြရတာလဲ "

"အဲ့လိုမဟုတ်..."

Xiao Zhan ပြန်ရှင်းပြဖို့ကြိုးစားပေမဲ့ Xiao Zhan စကားပင်မဆုံးလိုက် ထိုမိန်းကလေးက ငိုယိုကာ ထွက်ပြေးသွားတော့သည်။

Xiao Zhanလဲ သူ့လုပ်ရပ်တွေမှားသွားသည်ဟု နှောင်တရကာ ငိုင်နေမိတော့သည်။

ကျွီ!!! ဒုန်း💢

ရုတ်တရက်ကြားလိုက်ရသော အသံကြောင့် Xiao Zhan သတိဝင်ကာ အမြန်ပြေးကြည့်မိသည်။

From hate to love(completed)Where stories live. Discover now