❌❌

2.4K 115 17
                                    

Unicode

' အဲ့ကောင်က ဘာအထာလဲ '

ပါးစပ်ထဲက ဝါးလက်စ ပီကေကိုထွေးထုတ်ရင်း မတူသလို မတန်သလို ကြည့်သွားသည့် Jaeminကို ကြည့်ကာ Jenoမေးလိုက်သည် ။

ဆရာ ဆရာမတွေ သာမက တစ်ကျောင်းလုံးက အထင်ကြီး ချစ်ကြလွန်းသည့် Jaeminက Jenoနဲ့Typeမတူတဲ့ စာကျမ်းပိုးလေးတစ်ယောက်သာ ။

ခပ်အေးအေးပုံစံနှင့် မလှုပ်တလှုပ် အမူအယာကြောင့် Jenoမျက်လုံးထဲ တကယ့်ကို Crossဖြစ်လွန်းသည် ။

' ဘာအထာလဲဆိုတော့ မင်းမြင်တဲ့အတိုင်းပဲလေ Jeno '

Hyuckရဲ့စကားကြောင့် Jenoမဲ့လိုက်သည် ။

' ပုံစံက အောက်ခြေလွတ်နေတဲ့ ဆိုဒ်နဲ့ '

' အကောင်းနဲ့ကြည့်စမ်းပါ Jenoရာ ၊ သူ့ဘာသာသူ နေတာပါ '

အအေးဗူးအားကိုင်ကာ ပိုက်နှင့်စုတ်နေရင်း Renjunဝင်ပြောလေသည် ။

' မဟုတ်ဘူး Renjun ၊ ကြည့်သွားတဲ့ပုံကို ကြည့်ပါလား ၊ မတူသလို မတန်သလိုနဲ့ '

' ဒါကတော့ Roll no.1 ကိုကွ ၊ ပညာမာနတော့ နည်းနည်းရှိမှာပေါ့ '

' အဲ့လိုပြောကြေးဆို Jenoလည်း No.1ပဲလေ '

' ဘာလဲ နောက်ကရေရင်လား '

Renjunအပြောကြောင့် Hyuckပါးစပ်ပိတ်သွားသည် ။

' သွားမပြောနဲ့ Hyuck ၊ အဲ့ကောင် Renjunက မတော်ရတဲ့ သူ့ယောက်ဖဘက်က နာနေတာ '

Jenoစကား ဘာဖြစ်လဲဆိုတဲ့ ပုံစံနှင့် Renjunမေးငေါ့ပြလိုက်သည် ။

' ဟမ် Jaehyun Sanbae နဲ့ Renjunက '

' သူ့ဘက်ကဖိတ်စာတစ်ခြမ်းရိုက်ထားတာ ၊ ဟိုကဖြင့် သိတောင်မသိဘူး '

' အဲ့တော့ ဘာဖြစ်လဲ ၊ ငါ့ရဲ့Moomin Hyungက စာတွေနဲ့လုံးပန်းနေရလို့ ပတ်ဝန်းကျင်ကို လေ့လာမှုအားနည်းနေတာ '

' သူတို့ညီအစ်ကိုတွေက စာတော့တော်သားကွ ၊ Jaehyun Hyungဆို အထက်တန်းကို ပထမအဆင့်နဲ့အောင်တာ ၊ Jaeminဆိုလည်း ကြည့် တစ်ကျောင်းလုံး ပထမပဲ '

' မင်းတို့ Na Jaemin ချီးမွမ်းခန်းဖွင့်နေကြမှာလား '

' အမှန်တရားက ခါးတယ်လေ Jeno '

M̺͆I̺͆S̺͆T̺͆A̺͆K̺͆E̺͆ ❌[Unicode × Zawgyi]Where stories live. Discover now