Unicode.............
"သားတို့ သမီးတို့ရေ ဒီလကုန်ရင် စာမေးပွဲဖြေတော့မယ်နော်။
ပထမ ရတဲ့သူကို ဆရာတို့က ဆုအမြဲပေးတာသိတယ်မလား။
ကဲ...ဒီနှစ်ရော အညိုရောင်ကိုပဲဆုပေးရမှာလား
ကျန်တဲ့သူတွေရော မလိုချင်ဘူးလားဟင်
ကြိုးစားကြနော်"ဆရာမ ပြောပြီးအခန်းထဲထွက်သွားသည်အထိ စိုင်းမာန် ငိုင်နေသည်။
အညိုရောင် မနေနိုင်လို့"မာန်..! ဘာဖြစ်နေတာလဲ တငိုင်ငိုင်တထွေထွေနဲ့"
"မရှည်နဲ့..!!"
ပြောပြီး ဟိုဘက်လှည့်သွားတယ်။ခက်ပါပြီ အညိုရောင် ရယ် ကိုယ့်ကိုစကားမပြောချင်တဲ့သူကိုမှ သွားသွားပြောနေချင်မိတယ်။
ထမင်းစားချိန်ရောက်တော့မှ အိမ်ကယူလာတဲ့ ထမင်းဘူးဖွင့်ပြီး စားမလို့လုပ်နေတုန်း"ဟေ့ အညိုရောင် အတူထိုင်စားလို့ရမလား"
"ဟင် ရသ ရ..ရပါတယ် ထိုင်လေ"
"စိုင်းမာန်ရော နင်နဲ့တစ်ခန်းတည်းမလား ဘယ်ရောက်နေတာလဲ"
"ငါ.. ငါမသိဘူး သူကငါနဲ့မခင်ဘူး"
"ဘာလို့မခင်တာလဲ တစ်ခန်းတည်းသားတွေလေ
ငါနင့်ကို အကူညီတောင်းချင်လို့ရမလား""ပြောလေ"
"နင်.. စိုင်းမာန်ကိုစာကူပြပေးလို့ရမလား"
"ဟင်..! သူ့ကို ငါက ဟုတ်လား"
"အင်းလေ"
"သူမလိုချင်လောက်ပါဘူး"
"ငါပြောပြမယ် အခု စိုင်းမာန်ကိုသူ့အိမ်က
ခြိမ်းခြောက်ထားတယ် ဒီစာမေးပွဲမှာ ကျရင် ကျောင်းထုတ်ပစ်မယ်တဲ့ မိဘနဲ့ဝေးရာမှာဆိုပြီး
လုပ်ချင်ရာလုပ်နေမာစိုးလို့တဲ့""ဟာ..သူလဲစာမေးပွဲမကျလောက်ပါဘူး"
"ဘယ်သိမလဲ...သူက စာလုပ်တဲ့အကောင်မဟုတ်ဘူး သူစာလေးနည်းနည်းပါးပါးနားလည်အောင် နင်ကကူသွင်းပေးပေါ့ကွာ အရင်ကျောင်းမှာလဲ သူက ကျနေကျ အောင်ရင်လဲကပ်ပဲအောင်တာ"
"ဟာ ဒါဆိုသူအခြေခံတောင်ရှိပါ့မလား?"
"လုပ်ပါဟာ.... နော်"
YOU ARE READING
My lovely straight boy (Completed)
RomanceFirst OC Fic...🖤 Unicode...... straightတစ်ယောက်ကိုချစ်မိနေသော ကောင်လေးတစ်ယောက်နှင့် boyတစ်ယောက်ကို ချစ်မိနေပေမယ့် ကိုယ့်စိတ်ကိုဝန်မခံနိုင်သော straight တစ်ယောက်တို့ကြားက love story💕 Zawgyi..... straightတစ်ယောက်ကိုချစ်မိနေသော ကောင်လေးတစ်...