Part-45

13.4K 1.1K 32
                                    

Unicode........

🚗_တီ....တီ

ကားဟွန်းတီးလိုက်တော့လည်း ထွက်မလာတဲ့ ကောင်လေးကို ဖုန်းခေါ်ကြည့်အုံးမှပါလေ။

📲ဒူ....ဒူ....

"အင်း....."

ညူတူတူအသံကိုကြားရပုံထောက်တော့ အိပ်နေပုံရတယ်။

"ဟယ်လို...ရှင်း အိပ်နေတာလား"

"အင်း....."

"အပြင်ထွက်လာပါအုံး"

"ဝါးးးး...အင်း..."

သမ်းဝေလိုက်တဲ့အသံနဲ့အတူ ဖုန်းချသွားသည်။
ထွက်လာပါပြီ။အိပ်ယာထဲကနေ ထွက်လာတဲ့ ဆံပင်ဘုတ်သိုက်နဲ့ အဖြူရောင်ဒူးအထက်ဘောင်းဘီအတိုနဲ့ Hoddieအနက်ရောင်ကို ခေါင်းစွပ်ပြီး လက်ပိုက်ပြီးလျှောက်လာသည်။

"လမ်းလျှောက်လာတာ မျက်စိရော ဖွင့်လား...ခလေး"

ရှင်းလေးက မျက်စိတွေကို ပွတ်သပ်ပြီးမှ

"ဝါးးးး....."

"သမ်းမနေနဲ့လေ....နေမကောင်းဘူးလား"

ပြောရင်း ခလေးရဲ့နဖူးကိုစမ်းကြည့်လိုက်တော့ မျက်ခွံလေးပင့်ကြည့်လာသည်။

"နေကောင်းတယ်။စာမေးပွဲပြီးတော့ ပင်ပန်းလို့အိပ်နေတာ။
ခင်ဗျားကြီးကဘာလာလုပ်တာလဲ??
ညကျူရှင်လဲပိတ်တယ်လေ"

မင်းညို ကားကိုမှီရင်း ပုခုံးတစ်ဖက်တွန့်လိုက်ပြီး

"ကိုယ့်ချစ်သူကိုလာတွေ့တာ အကြောင်းပြချက်ရှိမလား!
လွမ်းလို့ပေါ့"

"ဟွန့်!!အပိုတွေ"

"တကယ်လွမ်းနေတာ...ခလေးရ။
ဒါမှမဟုတ် ဒီည ဦးအိမ်လိုက်အိပ်ဦးမလား"

ရှင်းလေးသက်ပြင်းချပြီးမှ မင်းညိုရဲ့ နှာခေါင်းထိပ်ကို ဖျစ်ညစ်ကာ

"ခင်ဗျားကြီးက နှာဘူးကြီး။
လိုက်မအိပ်ပါဘူး"

"လုပ်ပါ....နော်...နော်"

ပြောရင်း ရှေ့တိုးတိုးလာတဲ့ ဦးက ရှင်းရဲ့ပုခုံးပေါ်ခေါင်းလေးချလိုက်ပြီး

"လိုက်မအိပ်ရင်လည်း အခုလျှောက်လည်မလား။
စာမေးပွဲပြီးတဲ့အနေနဲ့ ဦးကဒကာခံမယ်။"

My lovely straight boy (Completed)Where stories live. Discover now