Part-31

14.9K 1.1K 41
                                    

Unicode......

"အား....ညောင်းလိုက်တာ"

မျက်နှာပေါ်ဖြာကျနေတဲ့ နေရောင်ကို စိုင်းမာန်လက်နဲ့ကာရင်း အိပ်ယာပေါ်ကထလိုက်သည်။

"မနေ့ညက ဘယ်သူငါ့ကိုလိုက်ပို့တာပါလိမ့်"

တစ်ယောက်တည်းစဉ်းစဉ်းစားစားပြောနေစဉ်

"ဘယ်သူရှိရမှာလဲ ဟောဒီကကောင်ကြီး သယ်လာရတာလေ"

အိပ်ခန်းထဲ စူပုတ်ပုတ်နဲ့ဝင်လာတဲ့ အညိုရောင်ကိုမြင်တော့ စိုင်းမာန်လန့်သွားပြီး

"မင်း မင်းဘယ်လိုသိတာလဲ ငါသောက်နေမှန်း"

"အရင်လိုပဲ ဆိုင်ကခေါ်တာလေ မင်းကသေသလိုမှောက်သွားတာကိုး"

"ဟုတ်လား ငါဘီယာတစ်ခွက်တည်းနဲ့မှောက်သွားတာပေါ့"

စိုင်းမာန်တွေးတောနေမိသည်။

"ဘာတွေတွေးနေတာလဲ ခဏခဏသောက်တော့ မခံနိုင်တော့တာနေမှာပေါ့
မြန်မြန်ထ မနက်စာစား ကျောင်းမသွားဘူးလား"

"အင်း သွားမှာ"

စိုင်းမာန်အိပ်ယာထပြီး အညိုရောင်နဲ့အတူ မနက်စာစားရပြန်သည်။
တိတ်ဆိတ်နေသော စားပွဲဝိုင်းတွင် အညိုရောင်စကားစလိုက်သည်။

"အမြဲတမ်းသောက်မနေနဲ့
မင်းအသဲအဲ့လောက်ကွဲပြနေရင် ငါမနေတတ်ဘူး"

"မဟုတ်ဘူး အဲဒါကြောင့်သောက်တာမဟုတ်ဘူး။ မနေ့က ဟိုကောင်မြတ်မင်းလာခေါ်တာကွ ။ဘာတဲ့ အဖော်လုပ်ပေးဆိုလားဘာလား"

"အဲဒါနဲ့မင်းကလိုက်သွားရောပေါ့"

"ဇွတ်ခေါ်တာကွာ ဟိုနေ့ညကငါ့ကိုဖုန်းဆက်ပေးတာလဲသူပဲတဲ့ အဲဒါပြန်ဆပ်ဆိုလို့"

"အော် ငါမနေ့ညကသွားတော့မင်းပဲရှိတယ် ဘယ်သူမှမရှိဘူး"

"ဟာ အကျင့်ပုတ်လိုက်တဲ့ကောင်
ငါ့ကိုတမင်ထားခဲ့တာနေမှာပေါ့"

"ဟုတ်မှာပေါ့"

"ဒါနဲ့ မင်းနဲ့ရသရော အဆင်ပြေလား"

"အင်း ပြေပါတယ်။
ရသက တစ်ခြားမိန်းခလေးနဲ့မှမတူတာ။ရင့်ကျက်တယ် တည်ငြိမ်တယ်လေ။ ရစ်တာရန်ဖြစ်တာဘာမှမရှိဘူး"

My lovely straight boy (Completed)Where stories live. Discover now