Part-37

18.1K 1.1K 26
                                    

Unicode..........

ခြေတစ်လှမ်းလှမ်းလိုက်တိုင်း နာကျင်မှုက တစ်ကိုယ်လုံးကို စိမ့်ဝင်သွားတာမို့ ထော့နဲ့ထော့နဲ့နဲ့ အိမ်ထဲကို လျှောက်ဝင်လာလိုက်တယ်။

"အကိုလေး....ဘာဖြစ်လာတာလဲ။
မနေ့ညကလည်း အိမ်ပြန်မလာဘူး"

စီးကြိုပြီး မေးလာတဲ့ Waiterအကိုဖြိုးဝေကို ပြန်ဖြေချင်စိတ်မရှိပေမယ့်

"မနေ့ညက မတော်တဆ ဖြစ်တာ။နည်းနည်းပဲ။အဲဒါနဲ့ သူငယ်ချင်းအိမ်မှာ အိပ်လိုက်တာ။
ကိုကြီးရော"

"ကိုကြီးမာန်က မနက်စောကြီးထဲက ခရီးထွက်သွားတယ်။
တစ်ပတ်လောက်ကြာမယ်တဲ့။ဒါနဲ့ အကိုလေးအသံက......"

သူပြောမှ ကိုယ့်ကိုကိုယ်သတိထားမိတာ။

"အော်....ဟို။စာလေ....မနေ့ညက ညဉ့်နက်ထိစာအော်ကျက်နေရလို့"

"အော်...ဟုတ်ကဲ့။"

"ကိုကြီးကို ကျနော်မနေ့ညက မတော်တဆဖြစ်တဲ့အကြောင်းပြောမပြောနဲ့နော်"

"သိပါတယ်ဗျာ။အကိုလေးက ဆိုင်ကယ်မတော်တဆဖြစ်တိုင်းအမြဲတမ်းလျိူ့ဝှက်ခိုင်းနေကျပဲကို။ဒါနဲ့ ကိုကြီးမာန်က ဖုန်းပြန်ခေါ်ထားခိုင်းတယ်။"

"ဟုတ်လား။မနေ့ညက ဖုန်းပိတ်ထားမိတာပဲ"

"ဟုတ်ကဲ့ဗျ"

"ဒါဆို ကျနော် သွားနားလိုက်အုံးမယ်။"

"ဟုတ်..ဟုတ်"

ကိုဖြိုးဝေကိုနှုတ်‌ဆက်ပြီး အခန်းထဲဝင်လာလိုက်တယ်။

မှန်ရှေ့ရပ်ကာ ကိုယ့်ရုပ်ကိုကြည့်ပြီး ရေပဲချိူးရမလို
အိပ်ပဲဆက်အိပ်ရမလိုဖြစ်နေတယ်။
အဲ့လူကြီးနိုးလာရင် ဘယ်လိုဖြစ်မလဲမသိပေမယ့် သူမနိုးခင် ကျနော်မြန်မြန်Taxiငှားပြီး ပြန်ခဲ့တာ။
ကျနော့ဆိုင်ကယ်ကိုတော့ ထားခဲ့လိုက်တယ်။စီးလို့မှမရတာ။လူကဖြင့် အသက်တောင်ခပ်မြော့မြော့ရယ်။
အဲ့လူကြီး မနေ့ညက အကြောင်းတွေမမှတ်မိဖို့ပဲ ဆုတောင်းတယ်။
ဖြစ်မှမဖြစ်နိုင်တာ။ကျနော်က ယောက်ျားလေးလေ။ပြီးတော့သူက သူ့ကောင်မလေးနဲ့ကျနော့ကိုမှားသွားတာပဲ။
ကျနော့ဆိုင်ကယ်ကို ဆိုင်မှာပြန်လာပေးဖို့ပဲ စာရေးပေးခဲ့လိုက်တယ်။ဒီကိစ္စကို ဒီလိုပဲလွယ်လွယ်ပြီးဆုံးသွားစေချင်တယ်။
ကျနော်ကလွဲပြီး ဘယ်သူမှမမှတ်မိစေချင်ဘူး။ဒီလိုဖြစ်လာတာလည်း အဲ့လူကြီးကိုကပ်မိ‌တဲ့ကျနော့အပြစ်ပါပဲ။ကျနော်သာအရင်ကစိတ်နဲ့ဆို ကိုယ့်ကိုယ်သတ်သေမိမလား။
အော်ငိုနေမလားမသိပေမယ့် ကျနော့ဘဝက ခပ်ဆိုးဆိုးတွေပဲ ကြုံလာလို့လားမသိဘူး။အံကြိတ်နိုင်လာတယ်။ဘယ်အရာမဆိုခေါင်းအေးအေးနဲ့ပဲ ကျော်လွားသွားချင်တယ်။

My lovely straight boy (Completed)Where stories live. Discover now