Part-18

15.4K 1.4K 29
                                    

Unicode..............

ဟင်း!

စိုင်းမာန် ကျောင်းပိတ်ရက်အတွက် ဆရာမပေးထားတဲ့ အိမ်စာ‌တွေလုပ်နေရင်းကနေ သက်ပြင်းချလိုက်မိတယ်။
ကျနော်က တစ်ယောက်ယောက်စိတ်ကောက်ရင်မနေတတ်ဘူး။
ရသတောင်မှ တစ်ခါမှ စိတ်ဆိုးစိတ်ကောက်မဖြစ်ဖူးဘူး။
ဟိုအကောင်စုတ်လေးက ဘာဖြစ်နေလဲမသိဘူး။
ပြန်လာတဲ့နေ့ကလည်းစကားမပြောဘူး။
အိမ်ရောက်တာနဲ့ သူ့အိမ်ထဲချက်ချင်းဝင်သွားတာ
နုတ်တောင်ဆက်မသွားဘူး။ဖေဖေတောင်မှ ကျနော့ကိုရန်ဖြစ်ထားတာလားတဲ့။ ကျနော်က မဟုတ်ဘူးပဲပြောလိုက်တယ်။ကျနော်မှ ဘာမှလုပ်မထားဘဲ။

"ဘယ်လိုဖြစ်ဖြစ် မနက်ဖြန်ကျောင်းဖွင့်မှ ပြေလည်အောင်ရှင်းလိုက်တော့မယ်"

ကိုယ့်အတွေးနဲ့ကိုယ် ခေါင်းရှုပ်နေသမျှ ဖယ်ထုတ်လိုက်ပြီး
အိမ်စာတွေပြီးတော့ အိပ်ရာဝင်ခဲ့လိုက်သည်။

............................................................……...

"မာန်  ကျောင်းတောင်တက်တော့မယ် အညိုရောင်ကိုလဲ မတွေ့သေးဘူးနော်"

"နင်ကငါ့အခန်းထိလာပြီး အဲ့ကောင်ကိုလာရှာတာပေါ့
ဘာလုပ်မို့လဲ"

"ဘာမှလုပ်ပါဘူး ဒီတိုင်းလွမ်းလို့ ဟဲဟဲ"

"မိန်းခလေးတန်မဲ့"

"ဘာဖြစ်လဲ ကိုယ့်သူငယ်ချင်းကို မတွေ့ရလို့လွမ်းတာကို"

"ငါ့ကျ လွမ်းတယ်မပြောဖူးဘူး"

"နင်ကဒီမှာ ထိုင်နေတဲ့ဟာ လွမ်းရအောင်ငါကအရူးလား
ဟမ်..... ဟဲ့ ဟဲ့ ဘယ်သွားမလို့လဲ"

လှမ်းဆွဲဖို့တောင်အချိန်မမှီ‌လိုက်ရအောင် စိုင်းမာန်ဘယ်ထသွားမလို့ပါလိမ့် ဆိုတော့

"အော် ငါ့ကိုပြောပြီး သူက ငါ့ထက်ဆိုးနေတယ်...
အညိုရောင်စီကို တန်းရောက်သွားတော့တာပဲ"

"မင်းဘာလို့ နောက်ကျနေတာလဲ
နေမကောင်းဘူးလား?"

အညိုရောင်နေရာမှာထိုင်ပြီး လွယ်အိတ်တွေချပြီးတာတောင် စိုင်းမာန်ဘေးကနေ

"ဟျောင့် ဖြေလေကွာ"

အညိုရောင်သက်ပြင်းချလိုက်ပြီး

My lovely straight boy (Completed)Tempat cerita menjadi hidup. Temukan sekarang