part-16

15.1K 1.3K 20
                                    

Unicode............

"ဟေ့ကောင် ညိုရောင်ထတော့"

ကျနော့ ကုတင်အစွန်မှာ ထိုင်ပြီး စိုင်းမာန်က လာနိုးနေတယ်။

"ဟင် ဝါး..!အစောကြီးရှိသေးတယ် ဘာလုပ်မလို့လဲ"

"မစောတော့ဘူး ဒီမှာကြည့်"

စိုင်းမာန် ပြတင်းလိုက်ကာကို ဖွင့်လိုက်တော့ ဝင်လာတဲ့အလင်းရောင်ကြီးကို အညိုရောင်လက်နဲ့ကာလိုက်ပြီး 

"မဲ့တို့လဲ မရှိဘဲနဲ့ ငါ့ကိုဘာလို့လာနိုးနေတာလဲ"

အညိုရောင်မျက်နှာကြီး စူပုတ်ပြီး

"ဟ မဲ့တို့မရှိလို့ပေါ့ဟ မင်းမနက်စာမစားတော့ဘူးလား"

"မင်းအရင်စားလိုက် ငါထမှသွားဝယ်စားမယ်"

"အေ မင်းပြောတာနော် ငါကြော်ထားတဲ့ကြက်ဥကြော် ငါ့ငါပဲစားတော့မယ်"

စိုင်းမာန်ပြောပြီး လှည့်ထွက်မည်အလုပ် ညိုရောင် ဆတ်ခနဲထထိုင်လာကာ

"ဘာ မင်းကြော်ထားရင် စားမှာပေါ့ ခဏစောင့်"

"အေ ဆင်းခဲ့လိုက်"

ညိုရောင်ခပ်သွက်သွက်လေး မျက်နှာသစ် သွားတိုက်ကာ ဆင်းလာခဲ့တော့ ကြက်ဥကြော်နဲ့ ထမင်းဆီဆမ်းနှစ်ပွဲ က ဆီးကြိုနေသည်။

"ဝိုး မာန်မိုက်တယ်ကွာ မင်းချက်တတ်လိမ့်မယ်လို့ထင်မထားဘူး"

"စဉ်းစားလေ ငါ့အမေဘာဆိုင်ဖွင့်ထားတာလဲ"

"ဟုတ်သားပဲ မဲ့ရဲ့အမွေတွေပဲ
မာန် မင်းနဲ့ရတဲ့မိန်းမကတော့ ကံကောင်းမှာပဲ"

"ဟား ဆုတောင်း ငါကအိမ်ထောင်ကျရင် ဟင်းချက်မှာမဟုတ်ဘူး ငါ့အမျိူးသမီးချက်ကျွေးတာပဲစားမှာ"

"တကယ်လို့ သူမချက်တတ်ရင်ရော"

"မယူဘူးပေါ့ကွာ ရှင်းရောပဲ
စကားမများနဲ့တော့ စားရအောင်"

"အင်း"

စားသောက်ပြီး မာန်နဲ့အတူ ပန်းကန်ဆေးကူနေလိုက်သည်။

"ကိုကြီးမာန်ရေ့ ကိုကြီးမာန်"

ဘေစင်မှာ ပန်းကန်ဆေးနေစဉ် ကလေးအော်သံကြားသဖြင့်

My lovely straight boy (Completed)حيث تعيش القصص. اكتشف الآن