Unicode.......
အိမ်သာရှေ့ရောက်တော့ အကောင်ပေါက်က
"လွတ်တော့လေ ငါ့လက်ကို
ဘာလဲ လက်ကိုင်ပြီး အိမ်သာဆေးမလို့လား"ပြောပြီး စိုင်းမာန်ရဲ့လက်ကိုခါချနေသည်။
"ဟာ... လွတ်ပါပြီကွာ"
လွတ်ပေးလိုက်တာနဲ့ အကောင်ပေါက်က အိမ်သာဆေးမည့်ပုံပြင်ပြီး ရေပုံးကိုဆွဲပြီး အိမ်သာခန်းထဲသို့
ဗွား!!!!!
လောင်းချလိုက်ကာ
"ကဲ ပြီးပြီ ပြန်မယ်"
"ဟာ အဲ့လိုရမလား?
အိမ်သာဘယ်လိုဆေးရလဲ မင်းမသိဘူးလား""ငါဘယ်လိုသိမှာလဲ ငါအိမ်သာဆေးတဲ့အလုပ်လုပ်တဲ့လူမှမဟုတ်တာ"
"မင်းသာမသိတာ ဘယ်ကလေးခိုင်းခိုင်း သိတယ်ကွ"
"မာန် ဒါတော့လွန်ပြီနော်"
စိုင်းမာန်ခပ်သုတ်သုတ်လေး ပုဆိုးပင့်ပြီး Brushတံကို ယူလိုက်ကာ
"ဘာကြည့်နေတာလဲ Acidလောင်းလေ"
အညိုရောင် အက်စစ်ဘူးကို လက်ထိပ်လေးနဲ့ထိရုံမျှကိုင်ပြီး
စိုင်းမာန်ဘက်ကို ထိုးပေးတော့"ဖြည်းဖြည်းလောင်း နည်းနည်းပဲနော်
အကုန်သွန်မချနဲ့""အင်းပါ"
လောင်းပေးပြီးတာနဲ့ စိုင်းမာန်ကတော့လှုပ်ရှားတော့သည်။
"ငါ ငါရော တိုက်ရမာလား"
မျက်နှာကြီးရှုံ့မဲ့ပြီးမေးလာတဲ့ အညိုရောင်ကိုကြည့်ပြီး စိုင်းမာန်ရယ်ချင်စိတ်ကိုထိန်းကာ
"မလိုဘူး မင်းက ရေပဲလောင်းပေး ဟုတ်ပြီလား"
"ပြီးရော"
အညိုရောင်မျက်နှာ ပြုံးရောင်သန်းသွားပြီး ရေပုံးနဲ့ရေမြန်မြန်ခပ်ပေးလိုက်တော့သည်။
"ညိုရောင် မင်းဒီလောက်ရွံတတ်နေရင် ဘယ်လိုဆေးကျောင်းတက်မလဲ"
"ဟာ အဲဒါတော့သူ့သူဖြစ်သွားမှာပေါ့"
အော် ပြောတတ်ပါပေ့ အကောင်ပေါက်ရယ်။

ESTÁS LEYENDO
My lovely straight boy (Completed)
RomanceFirst OC Fic...🖤 Unicode...... straightတစ်ယောက်ကိုချစ်မိနေသော ကောင်လေးတစ်ယောက်နှင့် boyတစ်ယောက်ကို ချစ်မိနေပေမယ့် ကိုယ့်စိတ်ကိုဝန်မခံနိုင်သော straight တစ်ယောက်တို့ကြားက love story💕 Zawgyi..... straightတစ်ယောက်ကိုချစ်မိနေသော ကောင်လေးတစ်...