Part-2

26.3K 1.9K 19
                                    

Unicode..........

ကျတော့်ဘေးမှာ လာထိုင်တဲ့ အသားညိုညိုခန္ဓာကိုယ် အကြီးကြီးနဲ့ အကောင်က ကျတော့်ကိုစိုက်ကြည့်နေတယ်။
ခုနက ကျတော့ဘေး လာထိုင်ခိုင်းတော့လဲမထိုင်ချင်လို့ ဝေ့လည်‌ကြောင်ပတ်လုပ်နေမှန်း ကျတော်သိတာပေါ့။ဟုတ်ပါတယ်လေ။
သူကလဲ လူထဲကလူပဲမို့ ကျတော့်ကိုရွံမှာပဲ။ ကျတော်က မွေးရာပါ Vertiligo sydromeခေါ် ခရုသင်းရောဂါ ဖြစ်နေတာလေ။

ထူးဆန်းတာက ကျတော်သူများတွေနဲ့မတူဘဲ တစ်ကိုယ်လုံးအနှံ့ဖြူစွတ်နေတယ်။
ဆံပင်တွေကောအပါပေါ့။ မျက်စံတွေပါ အပြာရောင်သမ်းတဲ့ထိပဲ ကျတော်မန်းလေးမှာ မွေးပေမယ့် အသားကတော့ ညိုမလာဘူး။
ကျ‌တော့်အသားက အရမ်းဖြူလွန်းတော့ အညိုရောင် လို့ဆန့်ကျင်ဘက်လေး နာမည်ပေးထားတယ်။
ကျတော်ကလည်း အနက်ရောင်ဆိုအရမ်းကြိုက်တယ်။
ကျတော့မှာမရှိတဲ့အရောင်မို့လို့လေ။

ဒီရောဂါက မွေးရာပါ မကူးစက်တတ်ဘူးဆိုပေမယ့် skin diseaseဖြစ်တဲ့အတွက်ကြောင့် ကျတော့်ကိုအပေါင်းအသင်းမလုပ်ချင်ကြဘူး ။ကျတော်တဖြည်းဖြည်းအဖော်မဲ့လာတယ်။ဘယ်သူနဲ့မှလဲစကား မပြောဖြစ်တော့ မာနမင်းသားလို့ ခေါ်လာကြတယ် ကျတော် မာနကြီးတာမဟုတ်ဘူး။‌ကြောက်တာ။

သူများနဲ့မတူတဲ့ကျတော့ကို ရွံသလိုလို အကြည့်နဲ့ကြည့်တာမျိူး မခံစားနိုင်တော့တာ။
လူတွေရဲ့ မလိုလားမှုတွေနဲ့ ကျတော်က ရှင်သန်လာတာ ကျတော့ အဖေအပါအဝင်ပေါ့။
ကျတော့မှာ အဖိုးနဲ့ အဖေမမည်သောအဖေတစ်ယောက်သာ ရှိ‌သည်။
အဖိုးက ပင်စင်ယူထားတဲ့ မန်းလေးပြည်သူ့‌‌ေဆးရုံကြီးက Surgeonတစ်ယောက် ။
ကျတော့်အဖေက ဆေးကျောင်းသားဘဝမှာ မိန်းမပျိူတစ်ယောက်ရဲ့အလှတရားနောက်မျောပါရင်း ပညာရေးပြတ်တောင်းခဲ့ရတယ်။
ထိုမိန်းခလေးက ကျတော့မေမေပါပဲ။

မေမေက ဆေးကျောင်းမှာ ဆရာဝန်gownလျှော်တဲ့သူ။
မေမေက ချောတော့ဖေဖေကချစ်သွားပေမယ့် ဖိုးဖိုးကသဘောမတူလို့ ခိုးပြေးသွားကျတယ်။
ဖိုးဖိုးနဲ့အဆက်အသွယ်ဖြတ်ထားချိန် ၁,နှစ်လောက်ကြာတော့ မေမေ့မှာ skin diseaseရှိခဲ့တယ်။ ဒါပေါ့ မေမေက အလျှော်သည်လေ ကူးစက်တာမဆန်းပါဘူး။
မေမေရဲ့ ရောဂါက ကျတော့လိုမဟုတ်ဘဲ အကျည်းတန်စေခဲ့တယ်။
အဲဒီအချိန်တုန်းက ကူသဖို့လဲ နည်းလမ်းမထွက်သေးတော့ ရုပ်ဆိုးတဲ့မေမေ့ကို ဗိုက်တစ်လုံးနဲ့ ဖေဖေပစ်ထားခဲ့တယ်။
ဖိုးဖိုးနဲ့ ပြန်လာနေတယ်။ မေမေကျတော့်ကို မွေးတော့ ကျတော့်မှာမွေးရာပါ ရောဂါရှိနေတော့ မေမေ မကုနိုင်တဲ့အတွက်အသနားခံ
ဒူးထောက်ပြီး ဖိုးဖိုးထံ အပ်နှံခဲ့တယ်။

My lovely straight boy (Completed)Donde viven las historias. Descúbrelo ahora