Unicode...............
ကျွီ!!
ခြံဝန်းတံခါးကို ဖွင့်ပြီးဝင်လာပေမယ့် ဆီးကြိုနေတဲ့ အိမ်ကြီးကတိတ်ဆိတ်လို့နေတယ်။
"ဟင်း...ကြည့်ရတာ ဘယ်သူမှမရှိဘူးထင်တယ်။
မဲ့လည်း ဆိုင်သွားတာထင်တယ်"အိမ်ထဲဝင်ဖို့ ခြေလှမ်းပြင်လိုက်ကာမှ
ခူး~ခလော~ဖူး~!!
ခူး~ခလော~ခလော~ဟူး!!
ဟင်!!
မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ရယ်ချင်စိတ်ကိုထိန်းမရ။
နေ့ခင်းကြောင်တောင်ကြီး ဒန်းပေါ်မှာပိုးလိုးပက်လက်အိပ်ကာ
ဟောက်နေသေးတဲ့ ကောင်လေး။"အဟက်_တစ်နေ့တစ်မျိူး မရိုးရပါလား ကောင်လေးရာ"
ရှင်းလေးအိပ်နေတဲ့နေရာကို လျှောက်သွားပြီး ငြိမ်သက်နေတဲ့မျက်နှာကို ငေးကြည့်မိသည်။
"မင်းက အိပ်နေတဲ့ချိန်တော့ တော်တော်ချစ်ဖို့ကောင်းတာပဲ"
ဖူး!!!
ရုတ်တရက်နှုတ်ခမ်းကို ထော်ပြီး မှုတ်ထည့်ပြန်သည်။
"အဟက်.....ဟောက်ထည့်ပြန်ပြီ။လူကိုအိမ်မက်ထဲမှာများ ရန်မူနေတာလား"
"အင်း........"
ညည်းညူသံလေးထွက်လာမှ ကိုယ်တော်က မျက်နှာဖြူနုနုပေါ် နေထိုးနေတာကိုး။
မင်းညိုအလိုက်တသိနဲ့ လက်နဲ့ကာပေးရင်း
စချင်စိတ်ကြောင့် ရှင်းလေးရဲ့ မျက်ခွံပေါ်ကို လေပြေလေးမှုတ်လိုက်တယ်။"အင်း......"
ညည်းသံလေးနဲ့ အတူ မျက်နှာကရှုံ့သွားတယ်။ မင်းညို အသဲထဲယားလာတာနဲ့
"အင့်....ရွတ်"
ဘယ်ဘက်ပါးကို နမ်းရှိုက်လိုက်တော့ ကောင်လေးချက်ချင်းထထိုင်ပြီး
"အား.....ခင်ဗျားကြီး ဘာလုပ်တာလဲ!!!"
"နမ်းလိုက်တာလေ"
"ဟွန့်!! နမ်းမှန်းသိတယ်လေ။နေ့ခင်းကြောင်တောင် လူကို ဘာလို့ခိုးနမ်းတာလဲ!!"
"ခိုးနမ်းတာမဟုတ်ပါဘူး။နိုးလာအောင် နမ်းတာ"
"ကျနော့ဘာသာ အိပ်နေတာလေ။ ခင်ဗျားကြီးက ဘာလာရှုပ်တာလဲ"
![](https://img.wattpad.com/cover/209196111-288-k30741.jpg)
YOU ARE READING
My lovely straight boy (Completed)
RomanceFirst OC Fic...🖤 Unicode...... straightတစ်ယောက်ကိုချစ်မိနေသော ကောင်လေးတစ်ယောက်နှင့် boyတစ်ယောက်ကို ချစ်မိနေပေမယ့် ကိုယ့်စိတ်ကိုဝန်မခံနိုင်သော straight တစ်ယောက်တို့ကြားက love story💕 Zawgyi..... straightတစ်ယောက်ကိုချစ်မိနေသော ကောင်လေးတစ်...