Part-14

15.1K 1.3K 11
                                    

Unicode..........

"မာန် မင်းငါ့ကို အိမ်ထဲထိ ကျောပိုးသွားမလို့လား"

ညိုရောင်အသံထွက်လာမှ စိုင်းမာန်အိမ်ရှေ့ရောက်ကာနီးမှန်းသတိရလာသည်။

"ဟုတ်သားပဲ ဆင်းတော့"

အညိုရောင်ကို အောက်ဆင်းလမ်းလျှောက်ခိုင်းကာ မူမပျက် အိမ်ထဲသို့ ဝင်လိုက်တော့ ထင်တဲ့အတိုင်း စိုင်းမာန်မဲ့က

"ပြန်လာပြီလားသား စိတ်ပူလိုက်ရတာ ဟမ်..!
ဘယ်မှာတွေ့ခဲ့တာလဲ"

စိုင်းမာန်ဖြေဖို့ ပါးစပ်ပြင်လိုက်ချိန်မှာပဲ
ညိုရောင်က လျင်မြန်စွာပဲ

"သား ဦးပုကြီးအိမ်မှာစောင့်နေတာပါ စကားပြောရင်းကြာနေတာပါဗျ"

"ဟုတ်လား မသိပါဘူးအေ အိုက်စိုင်းများသားကို ထားခဲ့တာလားလို့ ။
အေအေ ဘာမှမဖြစ်ရင်လဲ ရေမိုးချိူးပြီး ထမင်းလာစားကြ..သွား"

"ဟုတ်ကဲ့ဗျ"

ညိုရောင်ကို စိုင်းမာန်ကတော့ ကြောင်ကြည့်နေဆဲ

"ကြောင်မနေနဲ့ လာအပေါ်တက်ရအောင်"

ညိုရောင်ဆွဲရာနောက် ပြုံးတုံးတုံးကြီးလိုက်ပါသွားပြီးမှ
အခန်းထဲရောက်တော့

"ကျေးဇူးပဲကွာ "

"ဘာကို"

"လိမ်ပြောပေးတဲ့အတွက်"

"ငါ မဲ့ ကိုစိတ်မဆင်းရဲစေချင်လို့"

"အင်းပါ ဘာအတွက်ဖြစ်ဖြစ် အနည်းဆုံးတော့ မုန့်ဖိုးအဖြတ်မခံရတော့ဘူး"

"ဟင် ဘာဆိုင်လို့"

"မဲ့က ငါအပြစ်လုပ်ထားတိုင်း မုန့်ဖိုးဖြတ်တယ်လေ
တစ်ခါရန်ဖြစ်ရင် တစ်လလောက်မုန့်ဖိုးမရဘူး"

"မင်းကဆိုးတာကိုး နည်းတောင်နည်းသေးတယ်"

"ဆိုးတာမဟုတ်ဘူးကွ "

"အာ့ဆို ဘာလဲ"

ကုတင်ပေါ်ခြေဆင်းထိုင်နေတဲ့ ညိုရောင်ရှေ့ကို စိုင်းမာန် အင်္ကျီ ကြယ်သီးဖြုတ်ရင်းလျှောက်လာကာ
ညိုရောင်ရဲ့ မျက်နှာနဲ့ သူ့မျက်နှာကို နီးကပ်လိုက်ပြီးမှ

My lovely straight boy (Completed)Where stories live. Discover now