Part-19

15K 1.3K 17
                                    

Unicode..........

"ခူး ခလော ခလော"

စိုင်းမာန်စာရေးနေရာကနေ ဟောက်သံကြားလို့ ဘေးဘက်ကို ကြည့်လိုက်တော့

ဟူး! "ဒီကောင် အခန်းထဲမှာ အိပ်ပျော်နေတာပဲ အရမ်းပင်ပန်းနေတာထင်တယ် အရင်က မအိပ်ဖူးပါဘူး"

ဟုတ်တယ်။ ကျနော် ညိုရောင်ကို ငိုသွားအောင်ပြောမိကတည်းက ကျနော်နဲ့သူ စကားမပြောဖြစ်ကြတော့ဘူး။ သူလည်း ကျနော့ကိုကြည့်တောင်မကြည့်ဘူး။ စိတ်ကောက်နေတာလေ။ ကျနော်ကလည်း ‌မချော့တတ်ဘူးဗျ။ အာ့ကြောင့်ဒီတိုင်းလွတ်ထားတာ။ အခုလည်း လူကိုစိတ်ပူအောင် ဘေးမှာ အိပ်ပျော်နေပြန်ပြီ။
ပြတင်းပေါက်ကတစ်ဆင့် နေက အညိုရောင်ရဲ့မျက်နှာကို ထိုးဖောက်နေတော့

"သူ့မျက်နှာပေါ် နေပူနေတာပဲ...ဟေ့ကောင်လေး..!"

အနောက်တန်းက ပြတင်းအစွန်မှာထိုင်တဲ့ ကောင်လေးကို ခေါ်လိုက်ပြီး

"လိုက်ကာလေးတစ်ချက်လောက် ချလိုက်ပါလား"

"အော် အေအေ"

ကျနော်ခိုင်းတာနဲ့ ချက်ချင်းလုပ်ပေးလို့ ထူးဆန်းနေတယ်မလား။ တကယ်တော့ ကျနော် စီနီယာတွေနဲ့ရန်ဖြစ်ပြီး ရုံးခန်းတက်ရကတည်းက တစ်ခန်းလုံးကျနော့ကို လူမိုက်စာရင်းသွင်းထားပြီးသားလေ။။ အညိုရောင်နဲ့ကျနော်က အမြဲတွဲဖြစ်တော့ သူ့ကိုအရင်က စ, နေကျကောင်တွေလဲ မ စ,ရဲတော့ဘူး။
အထူးသဖြင့် အခြောက်လို့လည်းမခေါ်ရဲကြတော့ဘူး။
အခုလို နှစ်နှစ်ခြိုက်ခြိုက်ကြီးအိပ်ပျော်နေတော့လဲ မနိုးရက်ဘူး။ ဆရာမ ဝင်လာမှပဲနိုးတော့မယ်။

"ဆရာမ လာပြီ ဆရာမ လာပြီ..!!"

ဝုန်း!

ဆူညံပွက်လောနေတဲ့ အခန်းကြီးထဲက ကျောင်းသားတွေ ကိုယ့်နေရာကို မြန်မြန်ပြန်ပြေးကြတယ်။
ဟော။ ဘေးကကောင်ကလဲ မနိုးသေးဘူး။ ဘယ်လိုနိုးရမလဲ စဉ်းစား မရတာနဲ့

ဒုန်း!

စားပွဲကို ထုချလိုက်တော့ ဟိုကောင်ခေါင်းထောင်လာပြီး

"အ!အာ "

ကျနော့ကို မျက်ထောင့်နီကြီးနဲ့ကြည့်လာတော့

My lovely straight boy (Completed)Where stories live. Discover now