Part-35

16.9K 1.2K 49
                                    

Unicode ........

Cheer......cheer!!!

ဖွင့်ထားတဲ့DJသီချင်းသံဆူညံညံကြားမှာ အားလုံးက ခွက်ကိုယ်စီ ကိုင်မြောက်လိုက်မှ အညိုရောင်လဲ အတူခွက်မြောက်လိုက်သည်။

"Dr.brown မသောက်တတ်ဘူးလားဗျ"

ခွက်တိုက်ပြီး ပြန်ချထားတဲ့ အညိုရောင်ကို သွားဘက်ဆိုင်ရာDr.မြတ်မျိူးကို မေးလာသည်။

"အော်_ဟုတ် ။ကျနော်နဲ့သိပ်မတည့်လို့ပါ"

"ဟုတ်လား။ကျနော်တို့က Dr.brownကို ကြိုဆိုပွဲအနေနဲ့ လုပ်တာဆိုပေမယ့် Dr.ကမတည့်ဘူးဆိုတော့ အားနာလိုက်တာဗျာ"

"ရပါတယ်ဗျာ။ကျနော်ကအများကြီးသောက်လို့မရတာပါ။နည်းနည်းတော့ရပါတယ်ဗျ။ အားမနာပါနဲ့။အစားပဲ များများစားလိုက်တာပေါ့"

"ဟုတ်ပါပြီ‌ဗျာ"

ကျနော်ကအခုမှ အလုပ်ထဲဝင်ကာစဆိုတော့ အားလုံးကကရုစိုက်ပေးကြပါတယ်။ အထူးသဖြင့် အကိုမြတ်မျိူးကိုက အသက်ကြီးဆုံးဆိုသလို ညီငယ်တစ်ယောက်လိုပဲဖော်ရွေတော့ နေရတာအဆင်ပြေပါတယ်။
ဒါပေမယ့် တကယ်တမ်းကကျနော် ဒီလိုနေရာတွေ သိပ်မကြိုက်ဘူး။သောက်ရတာလဲ သိပ်မကြိုက်ဘူး။ဒါပေမယ့် ကျနော့ကိုကြိုတဲ့‌အနေနဲ့ ဒီ"Missing bar",မှာ လာသောက်ချင်ကြတယ်ဆိုတော့လည်း လိုက်လာဖြစ်တာပါ။
အခုမှသေချာ ဘေးဘီကြည့်ဖြစ်တော့မှ

"ဒီBarကအသစ်ထင်တယ်။ဟုတ်လား ဆရာ။
အရင်ကမတွေ့ဖူးလို့"

"အင်း_ဟုတ်တယ်။ဆရာက ပြန်ရောက်တာမကြာသေးတော့ ဘာမှမသိဖူးထင်တယ်"

"ဟုတ်တယ်ဗျ။အကုန်အကုန်အသစ်ဖြစ်နေတာ"

"ဒီBar ကဖွင့်တာ3နှစ်လောက်ပဲ ရှိအုံးမယ်ထင်တယ်။
ဒါပေမယ့် ဖွင့်တာ၁လလောက်နဲ့ကို တော်တော်စည်သွားတယ်။
Promotionကောင်းတယ်လေ။popularလဲဖြစ်သွားတယ်။အထူးသဖြင့် ကောင်မ‌လေးတွေကြား ရေပန်းစားတယ်။"

"ဘာလို့လဲဗျ"

"Barပိုင်ရှင်က ငယ်ငယ်ချောချောလေးလို့ ပြောသံကြားတာပဲ ဆရာရဲ့။ကျနော်လဲ မတွေ့ဖူးသေးဘူး။
ခဏခဏလဲ မလာဖြစ်ဘူးလေ။"

"အော်"

ဆရာမြတ်မင်း ကျနော့ဆီကို တိုးလာပြီး ခပ်တိုးတိုးပြောလိုက်သည်မှာ

My lovely straight boy (Completed)Where stories live. Discover now