Part-34

17.4K 1.2K 65
                                    

Unicode..........

🔔တင်းတောင်_တင်းတောင်

"အားးး...မနက်စောစောစီးစီးကွာ။
ဘယ်ကောင်လာနိုးနေတာလဲ"

မန်းလေးကိုပြန်ရောက်ခါစဆိုတော့ အချိန်ကနေ့နဲ့ညမတူတာတွေနဲ့ ညက အိပ်မရဘဲ မနက်ကျမထချင်တော့ဘူးဖြစ်နေတယ်။

🔔တင်းတောင်_တင်းတောင်

"လာပြီဟ!

မျက်လုံးတွေကိုပွတ်သပ်ပြီး အညိုရောင်အိပ်ယာပေါ်ကနေ ကုန်းရုန်းထလိုက်တယ်။

ကျွီ!

"ဟီး_ဟီး။နိုးပြီလား"

စောစောစီးစီး မြင်လိုက်ရသော မျက်နှာကြောင့်

"အာ_အစောကြီးဘာလာလုပ်တာလဲ"

"မစောတော့ပါဘူး။နာရီကြည့်အုံး8နာရီတောင်ထိုးတော့မှာ။
ပြီးတော့ ဒီနေ့ ရုံးတက်ရမှာမလား။နောက်ကျနေမယ်နော်"

"မင်း ဘယ်လိုသိတာလဲ"

"သိတာပေါ့ ကိုယ်က မြန်မာက ရောင်ရဲ့top fanပဲကို။
ကိုယ့်ကိုအိမ်ထဲမခေါ်တော့ဘူးလား"

တံခါးဝမှာရပ်ပြီး စကားပြောနေမိတာကိုသတိရလာကာ

"အော်_အင်း။ဝင်လာလေ။
လက်ထဲကအထုပ်တွေက ဘာတွေလဲ"

"ဒါတွေက ကိုယ်မနက်စာချက်ကျွေးမလို့ ဝယ်လာတာ။"

"မလိုပါဘူး။ ငါ့ဘာသာဝယ်စားလို့လဲရနေတာပဲကို"

"ဘာလို့ ကိုယ့်ကိုငြင်းနေရတာလဲ။ ကိုယ်ချက်ကျွေးချင်တာမရဘူးလား။"

စိုင်းမာန်လေသံမာလာတာနဲ့

"အင်း_သဘောပဲ။ ငါမျက်နှာသစ်လိုက်အုံးမယ်။"

အညိုရောင်မျက်နှာသစ်သွားတိုက်ပြီး ပြန်ထွက်လာတော့

"ခဏထိုင်စောင့်နော် အချစ်လေး။ကိုယ်မနက်စာပြင်နေတယ်"

မကြားဖူးတဲ့nicknameတွေကြားရတော့ အညိုရောင်မနေတတ်သလို ခေါင်းပဲညိတ်ပြလိုက်တယ်။

"ကဲ။ကြက်ဥထမင်းကြော် သုံးဆောင်ပါ။နောက်ကျမှာစိုးလို့ ကိုယ်လွယ်တာလေးပဲ ပြင်ပေးလိုက်တယ်။
စားလို့တော့ ရတယ်မလား။"

My lovely straight boy (Completed)Where stories live. Discover now