Part 1💚❤️(တွေ့ဆုံခြင်းရဲ့နိဒါန်း....)

20.3K 911 40
                                    

Unicode :

"ဟေ့ကောင် Xiao Zhan ငါ့ကိုစောင့်အုန်းလို့ပြောနေတယ်လေ"

"မင်းဘာသာလမ်းလျှောက်နိုင်တာပဲ ကိုယ့်ဘာသာကိုယ်လာပါလား"

"ဘာလဲ Xiao Zhan မင်းအပြစ်ကိုမေ့နေပြီလား"

"လာပြီကွာ လာပြီ"

Xiao Zhan တစ်ယောက် မျက်နှာရှစ်ခေါက်ချိုး နှုတ်ခမ်းကြီးစူပုပ်လျက်လှည့်လာသည်။

"အေး ဒီလိုသိတတ်မှပေါ့ကွ လိမ္မာတယ် ယုန်ပေါက်"

"ဟေ့ကောင် ငါကြောင့်မို့ မင်းဒီလိုဖြစ်လို့သာ မင်းအနိုင်ကျင့်သမျှငြိမ်ခံနေတာကွ ငါ့ကိုအဲ့လိုမခေါ်နဲ့"

"ဒါပေမဲ့ အခုတော့မင်းကငါ့လက်ထဲမှာပဲလေ"
Yibo နှုတ်ခမ်းတစ်ဖက်ကိုလခြမ်းပုံကွေးလျက် ပြောလိုက်သည်။

*ဟူး.......Xiao Zhan ဒီအခြေအနေမှလွတ်မြောက်ချင်လှပြီ Xiao Zhanရေ မင်းဘာလို့လျှာရှည်ခဲ့ပါလိမ့်ကွာ*

Xiao Zhanတစ်ယောက်သူ့အဖြစ်သူတွေးရင်း ကိုယ့်ကိုကိုယ်သနားလည်းသနားသည်။ဒေါသလည်းထွက်မိသည်။ဟိုကောင် Yubin ကိုတော့မီးပါရှို့ပစ်ချင်သည်။
အဖြစ်ကတော့................

******************************************
ပထမဆုံးကျောင်းစဖွင့်တဲ့နေ့ရဲ့ညနေခင်းကျောင်းဆင်းချိန်5နာရီ⏱️⏱️

တစ်နေ့တာတွင် ကျောင်းသားအားလုံးရဲ့ အပျော်ဆုံးအချိန်ဆိုတော့ အားလုံးရဲ့မျက်နှာတွေကပြုံးပျော်နေကြသည်။
သို့သော်  Beijing University English Major အတန်းထဲရှိ Yubin တစ်ယောက်ကတော့ မပျော်နိုင်။
မကြာခင် ကျရောက်လာတော့မည့် သူ့ရဲ့ အနာဂတ်ကိုတွေးရင်း မျက်နှာကလငပုပ်ဖမ်းထားသလို...........

"ဟေ့ကောင် ကျောင်းဆင်းတော့မှာကို မျက်နှာကြီးကဘာဖြစ်နေတာလဲ။ကျောင်းဆင်းတာကိုမပျော်ဘူးလား မင်းက"

ဘေးနားမှာရှိနေတဲ့ Xiao Zhanတစ်ယောက် လွယ်အိတ်ထဲစာအုပ်များထည့်ရင်း မေးလိုက်သည်။

"ဘဝမှာ မင်းတို့မသိတဲ့အရာတွေ အများကြီးကျန်ပါသေးတယ်ကွာ"

"ဟေ့ကောင် ဆရာလိုလို *သာလိုလို လုပ်မနေနဲ့။လူကဖြင့် စာမေးပွဲတောင် ဘဲဥကွဲအောင်ဖြေနေရတဲ့ကောင်က စကားကြီးစကားကျယ်တွေပြောလို့"

A Story We Created (Completed)Where stories live. Discover now