Unicode :
Yibo ဆေးဝယ်ပြီးပြန်လာတော့ Xiao Zhan ခုတင်အောက်မှာ ကုန်းကုန်းကွကွလုပ်နေတယ်။
အဲဒါနဲ့ Yibo လည်း ဘာဖြစ်တာလဲလို့ကြည့်လိုက်တော့
ကိုယ်တော်ချောက ကုတင်အောက်မှာ အာလူးကြော်ခိုးစားနေသတဲ့လေ။"Xiao Zhan!!!!!!"
Yibo ရဲ့အော်သံကြောင့် Xiao Zhan ရဲ့ကိုယ်လေး ဆက်ခနဲတွန့်သွားပြီး ခုတင်နဲ့ခေါင်းနဲ့မိတ်ဆက်ပြီးသားဖြစ်သွားတယ်။
တစ်ခါတည်း မုန့်ထုပ်ကို ခုတင်အောက်ထဲ ပစ်ထည့်လိုက်ပြီးတော့"အား......နာလိုက်တာ။Wang Yibo မင်းအဲ့လောက်ထိအော်စရာလိုလို့လား ဘေးနားမှာလူတွေရှိတာ မသိဘူးလား"
"မသိဘူးကွာ မင်းဘာခိုးကြောင်ခိုးဝှက်လုပ်နေတာလဲ မှန်မှန်ပြောစမ်း"
"ငါလား ဘာမှမလုပ်ပါဘူး ပစ္စည်းတစ်ခုပြုတ်ကျသွားလို့ကောက်နေတာ"
"ဪ ဟုတ်လား ဘယ်မှာလဲ ပြုတ်ကျသွားတဲ့ပစ္စည်းပြစမ်းပါအုန်း"
"ဟို...ဟို..ဟိုဟာလေ"
"ဘာမှပြောမနေနဲ့ မင်းအာလူးကြော်ခိုးစားနေတာမလား။ဟမ်.....ဆရာဝန်ကပြောထားတယ်လေ ဆန်ပြုတ်ပဲသောက်ရမယ်ဆိုတာ မင်းနှစ်ရက်သုံးရက်လောက်တောင်မနေနိုင်ဘူးလား မင်းရောဂါမပျောက်ချင်ဘူးလား ပြော"
ကလေးကအပြစ်လုပ်မိလို့ အဖေတစ်ယောက်ကဆူသလိုမျိုး Yibo ကပြောနေတော့ Xiao Zhan နှုတ်ခမ်းကိုစူထားတယ်။
"မင်းကလည်း ငါတစ်ခုတစ်လေပဲစားတာကို ကမ္ဘာပျက်တာကျနေတာပဲ။ဒီလောက်နဲ့ငါမသေသေးဘူးကွ။အဲ့လောက်ဖြစ်မနေနဲ့"
"ငါကမင်းကိုအကောင်းနဲ့ပြောတာလေ မင်းကဆေးရုံကမဆင်းချင်တာမလား ဘာလဲ ငါစောင့်ရှောက်တာကျေနပ်နေတာမလား"
Yibo ကမျက်ခုံးပင့်ပြီးမေးတော့ Xiao Zhan ခေါင်းအုံးနဲ့ထုတယ်။"သေလိုက်ပါလား ချီးထုပ်ရဲ့ မင်းဟာလေနည်းနည်းလေးမှကို အကောင်းမြင်လို့မရတဲ့ကောင်"
"မင်းကလည်းအမှန်တိုင်းပြောစမ်းပါ ရှက်မနေပါနဲ့"
Yibo ကထပ် စ လေတော့ Xiao Zhan လက်ခလယ်ပဲထောင်ပြလိုက်တယ်။
(ယဉ်ကျေးလှတဲ့ Zhan Zhan😂)
Yibo စိတ်ထဲကတော့
YOU ARE READING
A Story We Created (Completed)
FanfictionWang Yibo အတွက် အချစ်စစ်နဲ့ဝေးခဲ့ရတဲ့ဘဝမှာ နောက်ထပ် အချစ်စစ်နဲ့တွေ့ဖို့ ကြောက်လန့်နေမိတယ်.... ဒါပေမဲ့ ဘဝမှာ အချစ်ဦးနဲ့ အခုမှစတင်တွေ့ဆုံမဲ့ Xiao Zhan နဲ့ဆုံမိတဲ့အချိန်မှာတော့ Wang Yibo အတွက် အချစ်စစ်နဲ့ဝေးခဲ့ရတဲ့ဘဝမှာ နောက်ထပ် အချစ်စစ်နဲ့တွေ့ဖို့ြေ...