Unicode :
Xiao Zhanရဲ့မျက်နှာပေါ်ကို ကျနေတဲ့ မနက်ခင်းနေရောင်ခြည်နုနု...
ဆောင်းတွင်းကာလမို့ ထိုနေရောင်ခြည်လေးက ယုန်ပေါက်လေးရဲ့ပါးကို နွေးနွေးလေးဖြစ်နေလိမ့်မည်။
Yibo ရဲ့ကုတင်ဘေးမှာ ထိုင်ရင်းမှောက်လျက်လေးအိပ်ပျော်နေတဲ့ Xiao Zhan ကို Yibo မျက်တောင်မခတ်တမ်း တစိမ့်စိမ့် ငေးကြည့်နေမိသည်။
ဒဏ်ရာက အနာမကျက်သေးသည်မို့ အခုအချိန်ထိ တစ်ကိုယ်လုံး လှုပ်ရှားလို့မရသေးပေ။
ဦးခေါင်းပိုင်းနှင့် လက်ချောင်း၊ခြေချောင်းလေးများသာ ဖြည်းဖြည်းချင်း လှုပ်နိုင်သေးသည်။
အခုလည်း XiaomZhan ကို အိပ်နေရင်းအနေအထားဖြင့်သာ ကြည့်နေခြင်းပင်။နေရောင်ထိုးနေသည်ကြောင့် ပါးအို့နီခြယ်ထားသည့်သဖွယ် ဖြစ်နေသည့် ပါးပိန်ပိန်လေးများသည် အရင်က ပူဖောင်းသဖွယ် ဖောင်းကားနေခဲ့သည်။
Yibo သတိမေ့နေသည့် အချိန်အတွင်း မအိပ်မနေ၊မစားမသောက်ထားတာကြောင့် မျက်နှာလေးပိန်ကျသွားခဲ့သည်။
နဂိုကတည်းကမှ ချူချာလွန်းလှသည့် ကောင်လေးက အခုတော့ လေတိုက်ရင် လွင့်တော့မည့် ဝါးခြမ်းပြားလေးလိုပင်။
ချောင်ကျနေသည့် မျက်နှာလေးတွင် ပါးရိုးနှစ်ဖက်ပင်ပေါ်လို့။*ငါ ခဏပဲ မင်းဘေးမှာမရှိတာနဲ့ မင်းဒီလိုအခြေအနေတောင်ဖြစ်သွားတယ် ယုန်ပေါက်ရယ်...
ငါသာ တစ်သက်လုံးမရှိနိုင်တော့ရင် မင်းတော့ ဒုက္ခပါပဲ အကောင်ပေါက်လေးရာ*စိတ်ထဲတွင်သာပြောနေရသော်ငြား ဤစကားများကို Xiao Zhan အားသိစေချင်မိသည်။
ဒါမှသာ သူများအတွက်ပဲဦးစားပေး စဉ်းစားတတ်သည့် ထိုကောင်လေး သူ့ကိုယ်သူ ပြန်ကြည့်နိုင်လိမ့်မည်။
Xiao Zhan ရဲ့ဖြူစွတ်စွတ်မျက်နှာလေးကို Yibo အသာအယာပွတ်သပ်လိုက်တော့ ထိုအကောင်ပေါက်လေး အနည်းငယ်လှုပ်သွားသည်။
သူ့ကြောင့် Xiao Zhan နိုးသွားမည်စိုး၍ Yibo သူ့ရဲ့လက်ကို အသာရုတ်ကာ အိပ်ပျော်နေသည့် ထိုကောင်လေးကို ငေးကြည့်ခြင်းအလုပ်ပဲ ဆက်လက်လုပ်ဆောင်နေခဲ့သည်။"Yibo....Yibo မင်းငါ့ကိုထားမသွားနဲ့တော့နော်။
ငါ တောင်းပန်နေတယ်လေကွာ...Yibo...Yibo လို့"Xiao Zhan တစ်ယောက် အိမ်မက်ဆိုးမက်သည်ထင်သည်။
အိပ်နေရင်း ပါးစပ်မှကယောင်ကတမ်းအော်ကာ Yibo နာမည်ကိုသာ အော်နေသည့် Xiao Zhan ကို ကြည့်ရင်း Yibo ရင်ထဲတွင် နာကျင်ခံစားမှုကပြည့်တက်လာသည်။
အခုအချိန်ထိ ဘာမျှမလုပ်နိုင်ဘဲ အိပ်ရာတွင်သာလဲနေရသေးသည့် မိမိကိုယ်ကိုလည်း ဒေါသထွက်လို့မဆုံးပေ။
ဖြစ်နိုင်ရင် မနေ့ညကတည်းက ငိုနေသည့် Xiao Zhan ကို ရင်ခွင်ထဲတွင် ထွေးပွေ့ကာ အငိုတိတ်စေချင်သည်။
ဘေးမှာထိုင်ကာ စကားတတွတ်တွတ်ပြောနေသည့် ထိုကောင်လေးကို မည်မျှချစ်ခဲ့ရကြောင်း၊တစ်ယောက်တည်းမထားခဲ့နိုင်သည့်အကြောင်းများ ပြောပြချင်မိသည်။
အခုတော့ မိမိမှာ နေသာကောင်းလာရသော်လည်း ဘာမျှမလုပ်နိုင်သေးသည့် ဒုက္ခိတ သဖွယ်သာ။
YOU ARE READING
A Story We Created (Completed)
FanfictionWang Yibo အတွက် အချစ်စစ်နဲ့ဝေးခဲ့ရတဲ့ဘဝမှာ နောက်ထပ် အချစ်စစ်နဲ့တွေ့ဖို့ ကြောက်လန့်နေမိတယ်.... ဒါပေမဲ့ ဘဝမှာ အချစ်ဦးနဲ့ အခုမှစတင်တွေ့ဆုံမဲ့ Xiao Zhan နဲ့ဆုံမိတဲ့အချိန်မှာတော့ Wang Yibo အတွက် အချစ်စစ်နဲ့ဝေးခဲ့ရတဲ့ဘဝမှာ နောက်ထပ် အချစ်စစ်နဲ့တွေ့ဖို့ြေ...